
(နိုင်ငံတကာ) ဧပြီ ၁၉
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြင်းထန်သော ဖိအားပေးမှုများကြောင့် ကျူးဘားနိုင်ငံတွင် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများ ဆိုက်ရောက်နေစဉ်၊ မက္ကဆီကို၊ ဘရာဇီးနှင့် စပိန်နိုင်ငံတို့မှ ခေါင်း ဆောင်များက ကျူးဘား၏ အချုပ်အခြာအာဏာကို လေးစားရန်နှင့် အကူအညီများ တိုးမြှင့်ပေးရန် ပူးတွဲတောင်းဆိုလိုက်ကြသည်။
စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် ပြုလုပ်သည့် လက်ဝဲယိမ်းခေါင်းဆောင်များ၏ တွေ့ဆုံပွဲတွင် မက္ကဆီကိုသမ္မတ ကလော်ဒီယာ ရှိန်းဘမ်း၊ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားနှင့် စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်တို့က ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်တွင် “ကျူးဘားပြည်သူများ ကြုံတွေ့နေရသည့် ပြင်းထန်သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ် အတည်းအပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိကြောင်း” ဖော်ပြထားသည်။ ၎င်းတို့က ကျူးဘား၏ အနာဂတ်ကို ကျူးဘားပြည်သူများကသာ လွတ်လပ်စွာ ဆုံး ဖြတ်ခွင့်ရှိသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။
သမ္မတထရန့်သည် ကျူးဘားအစိုးရ၏ ခေါင်း ဆောင်မှုအပြောင်းအလဲဖြစ်စေရန် ရည်ရွယ်၍ ဖိအားပေးမှုများကို မြှင့်တင်လျက်ရှိရာ ဗင်နီဇွဲလားမှ ရေနံတင်သွင်းမှုကို ပိတ်ပင်ခြင်းနှင့် ကျူးဘားသို့ ရေနံပို့ဆောင်ပေးသည့် အခြားနိုင်ငံများကို ပိတ်ဆို့အရေး ယူမည်ဟု ခြိမ်းခြောက်ခြင်းတို့ကြောင့် ကျူးဘားတွင် လျှပ်စစ်မီးနှင့် လောင်စာဆီပြတ်လပ်မှုများ ကြုံတွေ့နေရသည်။
ထို့ပြင် ယခုသီတင်းပတ်အတွင်း ထရန့်က အီရန်နှင့်စစ်ပွဲပြီးလျှင် ကျူးဘားဘက်သို့ အာရုံစိုက်လာနိုင်ကြောင်း ပြောကြားခဲ့ပြီး စစ်အင်အားသုံးနိုင်ခြေကို အရိပ်အမြွက် ပြောဆိုခဲ့သည်။
စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်က ထရန့်၏ အမည်ကို တိုက်ရိုက်မသုံးသော်လည်း လက်ယာယိမ်းဝါဒနှင့် အကောက်ခွန်စစ်ပွဲများကို ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ထရန့်ကမူ Truth Social မှတစ်ဆင့် စပိန်နိုင်ငံ၏ စီးပွားရေးအခြေအနေ ဆိုးဝါးမှုကို လှောင်ပြောင်ခဲ့ပြီး အမေရိကန်စစ်တပ်အား စပိန်အခြေစိုက်စခန်းများ အသုံးပြုခွင့်မပေးသည့်အပေါ် ပြန်လည်တိုက်ခိုက်ခဲ့သည်။
#Cuba #DonaldTrump #Spain #Mexico #Brazil #HumanitarianCrisis #InternationalNews #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN