USS Gerald Ford အရှေ့အလယ်ပိုင်းသို့ ပြန်လည်ရောက်ရှိလာပြီး တတိယမြောက် အမေရိကန် လေယာဉ် တင်သင်္ဘောလည်း ဒေသတွင်းသို့ ဦးတည်နေ

(နိုင်ငံတကာ) ဧပြီ ၁၈

     ​အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်နှင့် အီရန်အကြား အမေရိကန်နှင့် အီရန်အကြာ ၂ ပတ်ကြာ (၁၄ ရက်) ယာယီအပစ်အခတ်ရပ်စဲထားစဉ်အတွင်း ကမ္ဘာ့အကြီးဆုံး လေယာဉ်တင်သင်္ဘောကြီးဖြစ်သည့် USS Gerald R. Ford သည် ဒေသတွင်းရေပြင်သို့ တစ်ကျော့ပြန် ဝင်ရောက်လာပြီဖြစ်ကြောင်း ကာကွယ်ရေးအရာရှိများက အတည်ပြုလိုက်သည်။

​     မြေထဲပင်လယ်တွင် ပြုပြင်ထိန်းသိမ်းမှုများ ပြု လုပ်ခဲ့ပြီးနောက် USS Gerald R. Ford သည် ဖျက် သင်္ဘောနှစ်စင်းနှင့်အတူ စူးအက်တူးမြောင်းကို ဖြတ် သန်းကာ လက်ရှိတွင် ပင်လယ်နီအတွင်း စစ်ဆင်ရေးဆောင်ရွက်နေပြီဖြစ်သည်။ အဆိုပါသင်္ဘောသည် ဗီယက်နမ်စစ်ပွဲနောက်ပိုင်း အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စင်း၏ အရှည်ကြာဆုံး တာဝန်ထမ်းဆောင်မှုစံချိန်ကိုလည်း ချိုးဖျက်ထားသည်။

​     ယခုအခါ အရှေ့အလယ်ပိုင်းဒေသနှင့် အနီးတဝိုက်တွင် အမေရိကန်၏ လေယာဉ်တင်သင်္ဘော အင်အားစုမှာ USS Gerald R. Ford သည် လက်ရှိ ပင်လယ်နီအတွင်း ရောက်ရှိနေပြီး USS Abraham Lincoln မှာ အာရပ်ပင်လယ်ပြင်တွင် တာဝန်ထမ်းဆောင်နေသည်။USS George H. W. Bush သည်တတိယမြောက်သင်္ဘောအဖြစ် ဒေသတွင်းသို့ ဦးတည်လာနေပြီး လက်ရှိတွင် တောင်အာဖရိကကမ်းလွန်သို့ ရောက်ရှိနေပြီဖြစ် သည်။

​     ဟော်မုဇ်ရေလက်ကြားအရေးနှင့် ပတ်သက်၍ အီရန်က ၎င်းတို့၏ ဆန္ဒမပါဘဲ အမေရိကန်က ပိတ် ဆို့၍မရကြောင်း တုံ့ပြန်ထားသလို၊ အိုမန်ကမ်းလွန်တွင်လည်း အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ရေနံတင် သင်္ဘောတစ်စင်းကို ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ ထို့ပြင် အီရန်ဘက်က အမေရိကန်နှင့် ဒုတိယအကြိမ် ဆွေးနွေးရန် ငြင်းဆန်ထားခြင်းကြောင့် စစ်ရေးအင်အားပြမှုများ ပိုမိုအားကောင်းလာခြင်း ဖြစ်သည်။

#USNavy #GeraldFord #MiddleEastConflict #HormuzStrait #IranVsUSA #BreakingNews #PositiveAngleNews #InternationalNews

Telegram»…
https://t.me/positiveanglenews

#PAN