ခရီးသည်တင်ယာဉ်နှင့် Hiject ယာဉ်တိုက်မိမှုဖြစ်ပွားရာမှ ဘုန်းကြီး ၅ပါးနှင့် ကိုရင် ၁ပါး ပျံတော်မူပြီး အမျိုးသား၃ဦးသေဆုံး

(မှု့ခင်း)ဧပြီ ၁၈

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ရန်ကုန်- မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ်(၁၀၄/၅)တွင် ယနေ့ညနေ၄နာရီခွဲအချိန်က ခရီးသည်တင်ယာဉ်နှင့် Hiject ယာဉ်တိုက်မိမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှု့ဖြစ်ပွားသည့်နေရာသို့ သထုံမြို့နယ်မီးသတ်စခန်းနှင့် ကျိုက္ကော်နယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် Hiject ယာဉ်ပေါ်ပါ စုစုပေါင်း(၁၉)ဦးအနက် ဘုန်းကြီး(၅)ပါးနှင့် ကိုရင်(၁)ပါး (ပျံလွန်တော်မူ)၊ အမျိုးသား(၃)ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ဘုန်းကြီး(၇)ပါးနှင့် အမျိုးသား(၃)ဦး(မစိုးရိမ်ရ)တို့အား အကြင်နာတွဲလက်လူမှုကူညီရေးအသင်း၊ ပီတိနှလုံးသားလူမှုကူညီရေးအသင်း၊ နှလုံးသားလှလူမှုကူညီရေးအသင်း၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ သင်္ခါရလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် သထုံပြည်သူ့ဆေးရုံနှင့် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ခရီးသည်တင်ယာဉ်ပေါ် ခရီးသည်များသည် ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

#PAN