
(နိုင်ငံတကာ) ဧပြီ ၁၈
အမေရိကန်-အစ္စရေးနှင့် အီရန်တို့အကြား စစ်ပွဲစတင်ခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစ၍ ပိတ်ထားခဲ့ရသော အီရန်နိုင်ငံ၏ အရပ်ဘက်လေပိုင်နက်ကို ယနေ့တွင် ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အီရန်လေကြောင်းအာဏာပိုင် အဖွဲ့(CAA)က ထုတ်ပြန်ကြေညာလိုက်သည်။
အီရန်လေကြောင်းအာဏာပိုင်များ၏ အဆိုအရ အီရန်ကောင်းကင်ယံကို ဖြတ်သန်းပျံသန်းမည့် နိုင်ငံ တကာလေကြောင်းခရီးစဉ်များအတွက် အရှေ့ဘက်ခြမ်းရှိ လေကြောင်းလမ်းများကို စတင်ဖွင့်လှစ်ပေး လိုက်ပြီဖြစ်ကြောင်း သိရသည်။ လေကြောင်းခရီးစဉ်များကို ယနေ့မှစ၍ အဆင့်လိုက်၊ အစီအစဉ်လိုက် တဖြည်း ဖြည်းချင်း ပြန်လည်စတင်သွားမည် ဖြစ်သည်။
အာရှနှင့် ဥရောပကို ဆက်သွယ်ထားသည့် အရေးပါသော အီရန်လေကြောင်းလမ်းများ ပြန်ပွင့်လာခြင်းကြောင့် လေကြောင်းလိုင်းများအနေဖြင့် ခရီးစဉ်အချိန်နှင့် လောင်စာဆီကုန်ကျစရိတ်များကို များစွာလျှော့ချနိုင်တော့မည်ဖြစ်သည်။
လေပိုင်နက် ပြန်ဖွင့်သော်လည်း လုံခြုံရေးအရ အရှေ့ဘက်လေကြောင်းလမ်းများကိုသာ ဦးစားပေးဖွင့်လှစ်ထားခြင်းဖြစ်ပြီး၊ ကျန်ရှိသည့် လေကြောင်းလမ်း များကိုလည်း အခြေအနေအပေါ်မူတည်၍ ဆက်လက်ဖွင့်လှစ်သွားဖွယ်ရှိသည်။
အစ္စရေး-လက်ဘနွန် အပစ်အခတ်ရပ်စဲရေးနှင့်အတူ ဟော်မုဇ်ရေလက်ကြားနှင့် အီရန်လေပိုင်နက်တို့ တစ် ပြိုင်နက်တည်း ပြန်လည်ပွင့်လင်းလာခြင်းသည် ဒေသတွင်း တင်းမာမှုများ လျော့ပါးလာသည့် လက္ခ ဏာတစ် ရပ်ဖြစ်ကြောင်း နိုင်ငံတကာလေ့လာသူများက သုံးသပ်နေကြသည်။
#IranAirspace #AviationNews #TehranAirport #MiddleEastCeasefire #BreakingNews #PositiveAngleNews #InternationalNews
Telegram»…
https://t.me/positiveanglenews
#PAN