မိတ္ထီလာမြို့နယ် သင်္ကြန်ဗဟိုမဏ္ဍာပ်အနီး အကြမ်းဖက်များ ထောင်ထားသောမိုင်း ပေါက်ကွဲ

(ပြည်တွင်း) ဧပြီ ၁၆

မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့၊နန်းတော်ကုန်းရပ်ကွက်ရှိ မိတ္ထီလာမြို့နယ် သင်္ကြန်ဗဟိုမဏ္ဍာပ် ရှင်းလင်းဆောင် အနောက်ဘက်ရှိ ရေစက်အနီး၌ ယနေ့မွန်းလွှဲ ၁နာရီ၁၅မိနစ်အချိန်က အကြမ်းဖက်များ ထောင်ထားသောမိုင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် ရေစက်ရုံမှ အမိုးသွပ်ပြားများ ပွင့်ထွက်ပျက်စီးခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း၊မိုင်းပေါက်ကွဲမှုဖြစ်ပွားသည့် နေရာပတ် ဝန်းကျင်အား သက်ဆိုင်ရာ လုံခြုံ ရေးတာ ဝန်ရှိသူများမှ ရှင်းလင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ မိုင်းထောင်ဖျက်စီးခဲ့သည့် အကြမ်းဖက်သမားများ ဖမ်းဆီးရမိရေး သက်ဆိုင်ရာမှ ပိတ်ဆို့စစ်ဆေး ရှာဖွေလျက်ရှိကြောင်း သိရသည်။

#PAN