(မှုခင်း) ဧပြီ ၁၁
၂၀၂၆ ခုနှစ် ဧပြီလ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ် မြို့မ (၉) ရပ်ကွက် စံပယ်လမ်းရှိ ဦးအောင်မြင့်စိန်၏ နေအိမ်တွင် မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အားသွင်းပလက်ခုံမှ ဝါယာကြိုးရှော့ဖြစ်ပေါ်ကာ အပူလွန်ကဲမှုကြောင့် မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးအနားရှိ နေအိမ်များသို့လည်း မီးကူးဆက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ သက်ဆိုင်ရာ မီးသတ်တပ်ဖွဲ့ဝင်များ အချိန်မီ သွားရောက်မီးငြိမ်းသတ်နိုင်ခဲ့သဖြင့် မီးကူးဆက်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် နေအိမ် ၄ လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရသော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
မီးလောင်မှုအကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ်ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
#PAN