ဇေယျာသီရိမြို့နယ်တွင် ဘက်ဖိုးကျင်းအတွင်း ရေဆင်းချိုးသည့်အမျိုးသားတစ်ဦး ရေနစ်သေဆုံး

(မှုခင်း) ဧပြီ ၁၁

နေပြည်တော် ဇေယျာသီရိမြို့နယ် ၊ပြည်စံအောင်ရပ်ကွက်အနီး  ကုတင်-၃၀၀ ဆေးရုံသွားလမ်းဘေးရှိ ဘက်ဖိုးကျင်းရေကန်အတွင်း ရေဆင်းချိုးသည့် အမျိုးသားတစ်ဦး ဧပြီလ ၁၀ ရက်နေ့ နံနက် ၈နာရီခွဲအချိန်ခန့်က ရေ သေနစ် သေဆုံးခဲ့ကြောင်း သိရသည်။

ပြည်စံအောင်ရပ်ကွက် အရှေ့ဘက်ရှိ ဘက်ဖိုးကျင်းအတွင်းတွင် လူတစ်ဦးရေနစ်သေဆုံးလျက်တွေ့ရှိရကြောင်း သတင်းအရ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးခဲ့ရာ ရန်နိုင်ဗိုလ်၊ (၄၄)နှစ်၊ (ဘ)ဦးမြင့်သိန်း၊ ပြည်စံအောင်ရပ်ကွက်၊ ဇေယျာသီရိမြို့နယ် နေသူဖြစ်ကြောင်း၊ ပြင်ပဒဏ်ရာမရှိ ရေနစ်သေဆုံးနေသည်ဟုယူဆရသော လက္ခဏာ ဖြင့်သေဆုံးနေလျှက်တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ၏အစ်မဖြစ်သူ ဒေါ်ခင်သူဇာမြင့်အား မေးမြန်းရာ ဧပြီလ ၈ ရက်ညနေ၅နာရီခွဲ အချိန်ခန့်တွင် ရန်နိုင်ဗိုလ်သည် နေအိမ်မှ ရေချိုးရန် ဘက်ဖိုးကျင်းရေကန်ဘက်သို့ထွက်ခွာသွားပြီး ပြန်လည် ရောက်ရှိလာခြင်းမရှိသဖြင့် လိုက်လံရှာဖွေရာ ဘက်ဖိုးကျင်း ရေကန်အတွင်းမှ ရေနစ်သေဆုံးလျက်ပြန်လည်တွေ့ရှိခဲ့ကြောင်း ၎င်း၏ပြောကြားချက်အရ သိရသည်။

၎င်းနောက် သေဆုံးသူရန်နိုင်ဗိုလ်၏ ရုပ်အလောင်းအား နေပြည်တော်(ခုတင်-၃၀၀) ဆေးရုံသို့ ပို့ဆောင်ထားရှိပြိး သေဆုံးခြင်း မှာ ဓမ္မအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN