အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီမိတ်ဖက်များနှင့် ငလျင်တုံ့ပြန်ရေး ဆွေးနွေးပွဲ ကျင်းပ

(ပြည်တွင်း) ဧပြီ ၉

မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းတို့မှ ဆောင်ရွက်နေသော ငလျင်တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ IFRC Asia Pacific – Partners Call (Myanmar Earthquake) Commemorating One Year since the Emergency Appeal -(၅) ကြိမ်မြောက် Movement Partner Call ကို ယမန်နေ့က Hybrid ပုံစံဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာ မျိုးညွန့်က အသင်းရန်ကုန်ရုံးခွဲ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မှ Asia Pacific Regional Director – Mr. Alexander MATHEOU ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) Regional Director ဖြစ်သူ Mr.Regis Savioz တို့က online မှ တက်ရောက်၍ ဦးဆောင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင်မြန်မာနိုင်ငံကြက်ခြေနီအသင်း အလုပ်အမှုဆောင် ပါမောက္ခ ဒေါက်တာတင်မောင်လှိုင်၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Nadia Khoury နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Arnaud de BAECQUE တို့က ငလျင်ဘေးသင့်ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပူပေါင်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးများ၊ လက်ထောက်အထွေထွေအတွင်းရေးမှူးနှင့် တာဝန်ရှိသူများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း၊ ဂျာမနီနိုင်ငံကြက်ခြေနီအသင်း၊ နော်ဝေနိုင်ငံကြက်ခြေနီအသင်း၊ ဖင်လန်နိုင်ငံကြက်ခြေနီအသင်း၊ ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းနှင့် မိတ်ဖက်ကြက်ခြေနီအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။