


(မှုခင်း) ဧပြီ ၉
မန္တလေးတိုင်းဒေသကြီး ၊အောင်မြေသာစံမြို့နယ်၊အမရဌာနီအရှေ့ရပ်ကွက်၊၉×၁၀ လမ်းကြား၊၇၈×၇၉လမ်းကြား၊ အကွက်(၃၆)၌ မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မီးလောင်ကျွမ်းမှု ဖြစ်စဥ်မှာ ယမန်နေ့ မွန်းတည့်၁၂နာရီ၄၅ မိနစ်အချိန်က ၇၈×၉လမ်း ကြား၊၇၈×၇၉လမ်းကြား၊အမရဌာနီအရှေ့ရပ်ကွက်၊အကွက်(၃၆)နေ ဒေါ်ရီရီမြင့်၊၅၄နှစ်၊(ဘ)ဦးကြည်သောင်း ပိုင်ဆိုင်သော ၂၃×၆၀ပေရှိ RC (၃)ထပ်တိုက်၏ ဒုတိယထပ် စတိုခန်းအတွင်းအုတ်နံရံ၌ မီးပလပ်ခုံအား တပ်ဆင်ထားရှိပြီး မီးပလပ်ခုံအနီးတွင် ဂျပ်ဖာများဖြင့် စွပ်ထားသည့် အင်္ကျီချိတ်သည့် လူပုံကော်ရုပ်(၂၀)ရုပ်အား ထားရှိရာမှ မီးပလပ်ခုံအပူလွန်ကဲ၍ ဝါယာရှော့ဖြစ်ကာ လူပုံကော်ရုပ်အား စွပ်ထားသည့်ဂျပ်ဖာသို့ မီးကူးစက်လောင် ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ မွန်းတည့်၁၂နာရီ၅၀မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့်၁နာရီ အချိန်တွင် မီးငြိမ်းသတ်နိူင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် ကော်ရုပ်(၁၅)ရုပ်မှာ အရည်ပျော်လောင်ကျွမ်းခဲ့ကာ စုစုပေါင်းတန်ဖိုးငွေကျပ်၂၅၀၀၀ဝခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ရီရီမြင့်၊၅၄နှစ်၊(ဘ)ဦးကြည်သောင်း၊ရွှေဘုန်း ကုန်မျိုးစုံရောင်းဝယ်ရေးလုပ်ငန်း၊အကွက်(၃၆)၊အမရဌာနီအရှေ့ရပ်ကွက်၊ အောင်မြေသာစံ မြို့နယ်နေသူအား ဥပဒေအရအရေးယူထားကြောင်း သိရသည်။