တရုတ်နိုင်ငံသို့ ရှားရှားပါးပါး သွားရောက်သည့် ခရီးစဉ်အတွင်း ထိုင်ဝမ်အတိုက်အခံခေါင်းဆောင်က ပြန်လည်သင့်မြတ်ရေးအတွက် တိုက်တွန်း

(နိုင်ငံတကာ) ဧပြီ ၈

     ထိုင်ဝမ်၏ အဓိကအတိုက်အခံပါတီဖြစ်သော ကွန်မင်တန် (KMT) ပါတီဥက္ကဋ္ဌ ချန်လီဝမ် (Cheng Li-wun) သည် တရုတ်နိုင်ငံသို့ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် သွားရောက်ကာ နှစ်ဖက်ပြန်လည်သင့်မြတ်ရေးအတွက် ပေကျင်းနှင့် ဆွေးနွေးမှုများပြုလုပ်ရန် တိုက်တွန်းခဲ့သည်။

     ဗုဒ္ဓဟူးနေ့တွင် နန်ကျင်းမြို့သို့ ရောက်ရှိနေသော ချန်လီဝမ်သည် တရုတ်တော်လှန်ရေးခေါင်းဆောင်ကြီး ဆွန်ယက်ဆင်၏ အုတ်ဂူ၌ လွမ်းသူ့ပန်းခွေချခဲ့သည်။ နန်ကျင်းမြို့သည် ၁၉၄၉ ခုနှစ် ပြည်တွင်းစစ်အပြီး KMT ပါတီ ထိုင်ဝမ်သို့ မဆုတ်ခွာမီက မြို့တော်ဖြစ်ခဲ့ဖူးသဖြင့် ယခုလုပ်ရပ်သည် သမိုင်းဝင်အနှစ် သာရ အလွန်နက်ရှိုင်းလှသည်။ ချန်က ဆွန်ယက်ဆင် ၏ “တန်းတူညီမျှမှုနှင့် ညီညွတ်မှု” အယူအဆကို ကိုးကား၍ ရေလက်ကြားတစ်ဖက်တစ်ချက်စီရှိ ပြည်သူ များ ငြိမ်းချမ်းစွာ လက်တွဲကြရန် တိုက်တွန်းခဲ့သည်။

  ယခုခရီးစဉ်အတွင်း ချန်လီဝမ်သည် တရုတ်ခေါင်း ဆောင် ရှီကျင့်ဖျင်နှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်။ ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ အကယ်၍ ဤတွေ့ဆုံမှု အောင်မြင်ခဲ့ပါက “စစ်ရေးအရ ဟန့်တားနေခြင်းထက် ဆွေးနွေးညှိနှိုင်းခြင်းက ပိုမိုထိရောက် သည်” ဟူသော အချက်ကို KMT ပါတီက ထိုင်ဝမ်မဲဆန္ဒရှင်များအား သက်သေပြနိုင်မည်ဖြစ်သည်။ လက်ရှိတွင် ထိုင်ဝမ်အတိုက်အခံများ ထိန်းချုပ်ထားသော လွှတ်တော်က အစိုးရ၏ ကာကွယ်ရေးအသုံး စရိတ် ဒေါ်လာ ၄၀ ဘီလီယံ တိုးမြှင့်မည့် အစီအစဉ်ကို ပိတ်ဆို့ထားဆဲဖြစ်သည်။

​     ယူကရိန်း၊ ဂါဇာနှင့် အီရန်တို့တွင် စစ်ပွဲများ တစ် ပြိုင်နက် ဖြစ်ပွားနေခြင်းကြောင့် အမေရိကန်ပြည် ထောင်စုအနေဖြင့် အာရုံများပြန့်လွင့်နေပြီး၊ အကယ်၍ တရုတ်နှင့် ထိုင်ဝမ် ပဋိပက္ခဖြစ်ပွားပါက အမေရိကန်က အမှန်တကယ် ကူညီနိုင်ပါမည်လားဟု ထိုင်ဝမ်ပြည်သူများအကြား သံသယများ မြင့်တက်နေသည်။ ဤအချက်သည် တရုတ်နှင့် ဆက်ဆံရေး ပြန် လည်အေးချမ်းလိုသည့် အယူအဆကို ပိုမို အား ကောင်းလာစေသည်။

​    ထိုင်ဝမ်အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ကမူ ယခုခရီးစဉ်သည် အမျိုးသားလုံခြုံရေးကို ထိခိုက်စေပြီး တရုတ်၏ ဝါဒဖြန့်မှုကို အားပေးရာရောက်သည်ဟု ဝေဖန်ခဲ့သည်။ အတိုက်အခံများအနေဖြင့် တည်ငြိမ်မှုကို အမှန်တကယ် လိုလားပါက ကာကွယ်ရေးအသုံးစရိတ်ကို မပိတ်ဆို့ရန် တုံ့ပြန်ခဲ့သည်။

     လက်ရှိတွင် ပေကျင်းနှင့် ထိုင်ပေကြား တရားဝင်အသိအမှတ်ပြုမှု မရှိသဖြင့် ယခုကဲ့သို့သော အတိုက် အခံခေါင်းဆောင်၏ ခရီးစဉ်သည် ဒေသတွင်းငြိမ်း ချမ်းရေးအတွက် အားကိုးရာတစ်ခု ဖြစ်လာမလား သို့မဟုတ် နိုင်ငံရေးကစားကွက်တစ်ခုသာ ဖြစ်မလားဆိုသည်မှာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမည်ဖြစ် သည်။

​#TaiwanChina #KMT #ChengLiWun #XiJinping #MiddleEastImpact #RegionalPeace #BreakingNews #PositiveAngleNews

Telegram»…
https://t.me/positiveanglenews

#PAN