(ပြည်တွင်း) ဧပြီ ၇
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)အစည်းအဝေးကို ဧပြီလ ၇ ရက်နေ့ မနက် ၁၀နာရီ က ရှမ်းပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဗိုလ်မှူးကြီးစိန်ဝင်း၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒေါက်တာလဆိုင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါ်နမ်းခမ်းလူ၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ခွန်သန်းထူး၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးလင်းေအာင်ေဆွ၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး စိုင်းလှိုင်းဝမ်တစ်ပ် ၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ခွန်ထွန်းဖြူတို့အားအတည်ပြုပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဉီးသန်းဉီးလွင်၊ပြည်နယ်ဥပဒေချုပ်အဖြစ် စိုင်းကျော်ဇံ၊ ပြည်နယ်စာရင်းစစ်ချုပ်အဖြစ် ဒေါ်ခင်ေထွးရ၊ ပြည်နယ်တရားသူကြီးများအဖြစ် ဒေါ်စန္ဒာအောင်၊ဦးအောင်မော်၊ေဒါ်သူဇာေအာင်တို့ကိုလည်း ခန့်အပ်အတည်ပြုပေးခဲ့ကြောင်း သိရသည်။



#PAN