ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီး (၁၀)ဦးကို ပြည်နယ်လွှတ်တော်မှ အတည်ပြု

(ပြည်တွင်း) ဧပြီ ၇

တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)အစည်းအဝေးကို ဧပြီလ ၇ ရက်နေ့ မနက် ၁၀ က ကရင်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများအား အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ်တာဝန်ပေးခံရသူကတင်သွင်းသည့် ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးဌာနဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးဝင်း ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဝန်ကြီး ဦးညီညီဇော် ၊ လူမှုရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးစောထူးအောင် ၊ လျှပ်စစ်နှင့် စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးစောမျိုးမြင့် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးအောင်လွင် ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးစယဥ်ဌေး ၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစောခေါင်ပန်ထော့တို့အားအတည်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့ပြင်ဗမာတိုင်းရင်းသားရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးတင်မောင်လှိုင် ၊ မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဌာန ဝန်ကြီး ဥိးမျိုးမြင့်နိုင် ၊ ပအိုဝ့်တိုင်းရင်းသားရေးရာဝန်ကြီး ဌာန ဝန်ကြီး ဦးခွန်မြတ်ထူး တို့အား လွှတ်တော်သို့ တင်ပြခဲ့ရာ လွှတ်တော်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် ဦးညွန့်လင်း၊ ပြည်နယ်ဥပဒေချုပ်အဖြစ် နော်သန်းသန်းအေး၊စာရင်းစစ်ချုပ်အဖြစ် ဦးအောင်စိုး၊ ပြည်နယ်တရားသူကြီးများအဖြစ် ဒေါ်ခင်စိမ်းဝင်း၊ ဒေါ်နွဲ့နွဲ့ဦး တို့ကိုလည်း ခန့်အပ်အတည်ပြုပေးခဲ့ကြောင်း သိရသည်။

#PAN