(မှုခင်း) ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း ယနေ့ နေ့လယ်ပိုင်းတွင် ယာဉ်တိုက်မှုနှင့် ကိုင်းတောမီးလောင်မှု ဖြစ်စဉ်နှစ်ခု ဖြစ်ပွားခဲ့သည့်အတွက် သက်ဆိုင်ရာ မီးသတ်နှင့် ကယ်ဆယ်ရေးတပ်ဖွဲ့များက ကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။
နေ့လယ် ၃ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် အမှတ်(၈)ရပ်ကွက် ဂန္ဓမာလမ်းတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ယာဉ်အတွင်းညပ်နေကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ချက်ချင်းသွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ခဲ့ရသည်။
ထို့ပြင် နေ့လယ် ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၂)လမ်း၊ ရှမ်းတဲကြီးကျေးရွာအနီးတွင် ကိုင်းတောမီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုသတင်းရရှိပြီးနောက် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မီးသတ်စခန်း၊ လေးထောင့်ကန်နယ်မြေ မီးသတ်စခန်းနှင့် ညောင်ပင်နယ်မြေ မီးသတ်စခန်းတို့မှ မီးသတ်ယာဉ် ၄ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်ဌာနထံမှ သိရသည်။

#PAN