စစ်ကိုင်းတိုင်းလွှတ်တော်ဥက္ကဋ္ဌ လွှတ်တော်ကော်မတီများအစည်းအဝေးပြုလုပ်နေမှုကိုကြည့်ရှု လိုအပ်သည်များလမ်းညွှန်မှာကြား

(ပြည်တွင်း) ဧပြီ ၄

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်သည် ဧပြီလ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ရုံးရှိ သက်ဆိုင်ရာ အစည်းအဝေးခန်းမများတွင် လွှတ်တော်ကော်မတီများ၏ အစဘ်းအဝေးကျင်းပနေမှုများကို သွားရောက်ကြည့်ရှုကာ လမ်းညွှန်မှာကြားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးအတွက် လိုအပ်သည့် ဥပဒေများနှင့် ပြင်ဆင်သင့်သည့် ဥပဒေများကို ကြိုတင်ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် စနစ်တကျ ဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။

ထို့နောက် နေ့လယ် ၂ နာရီတွင် အရအသုံး၊ ငွေစာရင်း၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီနှင့် တွေ့ဆုံ၍ ကော်မတီအစည်းအဝေး ကျင်းပနေမှုကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။

ထိုနောက် တိုင်းဒေသကြီး၏ ဘဏ္ဍာငွေသုံးစွဲမှု၊ ဒေသန္တရစီမံကိန်းများနှင့် အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များအပေါ် အခြေခံ၍ ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းကာ လိုအပ်သောညွှန်မှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။