ခရီးသည်မှ အိုဝေးယာဉ်မောင်းအား ဓားဖြစ်ထိုးပြီး အိုးဝေအားလုယူမှု မဟာအောင်မြေတွင်ဖြစ်ပွား

(မှုခင်း) ‌ဧပြီ ၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် ခရီးသည်တစ်ဦးမှ အိုးဝေယာဉ်မောင်းတစ်ဦးအား ဓါးဖြင့်ထိုးပြီး အိုးဝေအားယူဆောင်သွားမှု ဧပြီလ ၄ရက်နေ့ ယနေ့ မနက် ၈နာရီ ၄၅မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဦးအောင်ကျော်ကျော် ဆိုသူသည် ယာဉ်အမှတ် MDY-14U/1442 အိုးဝေကို မောင်းနှင်လာရာ မဟာအောင်မြေမြို့နယ်၊ရဲမွန်တောင်ရပ်ကွက်၊၃၇×၃၈လမ်းကြား၊ ၅၂လမ်းမှမောင်းနှင်လာရာ ၁၀၇×၆၀ထောင့်အရောက်တွင် ခရီးသည်‌ယောက်ကျားတစ်ဦးမှ ငှားရမ်းခဲ့သည့်အတွက်တင်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့နောက် အိုးဝေယာဉ်အား မောင်နှင်လာခဲ့ရာ ၃၆×၃၇ လမ်းကြားအရောက်တွင် အဆိုပါ ခရီးသည်ယောက်ကျားက အနောက်ကနေ စတီးဓါးဖြင့် လည်ပင်း/ဝဲပုခုံး၊/လက်တို့အား ထိုးနှက်ကာ တိုက်ခိုက်ခဲ့ပြီး အိုးဝေအား လုယက်သွားကြောင်း သိရသည်။

ဓားဖြင့်တိုက်ခိုက်ခံရမှု‌ကြောင့် အိုးဝေယာဉ်မောင်း ဦးအောင်ကျော်ကျော်၏ လည်ပင်း/ဝဲပုခုံး၊/လက်တို့မှာ ထိုးသွင်းဒဏ်ရာများ ရရှိခဲ့သောကြောင့် အနီးရှိတာဝန်သိပြည်သူများက မန္တလေးဆေးရုံးကြီးသို့ အိုးဝေငှားကာ ပို့ဆောင်‌ပေးခဲ့ရ ကြောင်းသိရသည်။