
(နိုင်ငံတကာ) ဧပြီ ၁
အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ် ကျူး ကျော်စစ် ပြင်းထန်နေချိန်အတွင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာစ် အာရက်ဂ်ချီ (Abbas Araghchi) က ၎င်းအနေဖြင့် အမေရိကန်အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့ဖ် (Steve Witkoff) နှင့် တိုက်ရိုက် သတင်း စကားဖလှယ်မှုများ ရှိနေကြောင်း အတည်ပြုလိုက်သည်။ သို့သော် ဤသည်မှာ တရားဝင်ဆွေးနွေးပွဲများ စတင်နေခြင်းမဟုတ်ကြောင်းနှင့် အမေရိကန်အပေါ် ယုံကြည်မှု လုံးဝမရှိကြောင်း ပြတ်သားစွာ ပြောကြားခဲ့သည်။
Al Jazeera နှင့် အင်တာဗျူးရာတွင် ဝန်ကြီး အာရက်ဂ်ချီက အမေရိကန်အစိုးရနှင့် တိုက်ရိုက် သော် လည်းကောင်း၊ ဒေသတွင်း ကြားခံနိုင်ငံများမှတစ်ဆင့်သော် လည်းကောင်း သတင်းစကားများ ပုံမှန်ဖလှယ်နေကြောင်း ထုတ်ဖော်ခဲ့သည်။ “ကျွန်တော်ဟာ အရင်ကလိုပဲ အမေရိကန်အထူးကိုယ်စားလှယ် ဝစ်ကော့ဖ်ဆီကနေ သတင်းစကားတွေကို တိုက်ရိုက်ရရှိနေပါတယ်။ ဒါပေမဲ့ ဒါဟာ ကျွန်တော်တို့ ဆွေးနွေးပွဲတွေ (Negotiations) လုပ်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး” ဟု ၎င်းက ရှင်းလင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်က အမေရိကန်ဘက်မှ စစ်ပွဲကိုအဆုံးသတ်ရန် ရည်ရွယ်သည့် အချက် ၁၅ ချက်ပါဝင်သော အစီအစဉ်တစ်ရပ်ကို အီရန်ထံ ပေးပို့ခဲ့သည်။ အဆိုပါအစီအစဉ်တွင် ”အီရန်အနေဖြင့် နျူကလီးယားလက်နက်ကို ဘယ်သောအခါမှ မပိုင်ဆိုင်ရန် ကတိပြုရမည်။” ၊ ”အီရန်၏ ဒုံးကျည်သိုလှောင်မှု အရေ အတွက်နှင့် ပစ်ခတ်နိုင်သည့် အကွာအဝေးကို ကန့် သတ်ရမည်။” ၊ ”ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရမည်။” စသည့်အချက်များ ပါဝင်သည်။ သို့သော် အီရန်ဘက်က အဆိုပါအချက်များအပေါ် တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးပေ။
အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်က အမေရိကန် သည် သံတမန်ရေးကို ယုံကြည်သူများမဟုတ်ဘဲ ဆွေး နွေးနေစဉ်အတွင်းမှာပင် အီရန်ကို နှစ်ကြိမ်တိုင်တိုင် တိုက်ခိုက်ခဲ့ကြောင်း ဝေဖန်ခဲ့သည်။ ဝန်ကြီး အာရက်ဂ်ချီကလည်း အမေရိကန်အပေါ် ယုံကြည်မှုမှာ “သုည” (Zero)အဆင့်သာရှိပြီး ၎င်းတို့ဘက်မှ ရိုးသားမှုကို မတွေ့ရကြောင်း၊ ယာယီအပစ်ရပ်စဲရေးထက် ဒေသတွင်းရှိ ကျူးကျော်တိုက်ခိုက်မှုအားလုံး အပြီး တိုင် ရပ်တန့်ရေးကိုသာ လက်ခံမည်ဖြစ်ကြောင်း ဆိုသည်။
အမေရိကန်ဘက်မှ မြေပြင်ကျူးကျော်စစ် ဆင်နွှဲနိုင် ခြေရှိသည်ဟူသော သတင်းများနှင့် ပတ်သက်၍ အာရက်ဂ်ချီက “ကျွန်တော်တို့ သူတို့ကို အသင့်စောင့်နေပါတယ်။ သူတို့ ဒီလိုလုပ်ဖို့ သတ္တိရှိမယ်လို့ မထင်ပါဘူး။” “ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်ရမလဲဆိုတာ ကောင်းကောင်းသိပါတယ်။ မြေ ပြင်စစ်ပွဲမှာဆိုရင် ကျွန်တော်တို့ ပိုတောင် ကောင်း ကောင်းလုပ်နိုင်ပါသေးတယ်။ ဘယ်လို မြေပြင်တိုက် ခိုက်မှုမျိုးကိုမဆို ရင်ဆိုင်ဖို့ ကျွန်တော်တို့ အပြည့်အဝ အသင့်ရှိနေပါတယ်။ သူတို့အနေနဲ့ ဒီလိုမျိုး အမှားမျိုး မလုပ်မိဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အာရက်ဂ်ချီက ပြောကြားခဲ့သည်။
တစ်ဖက်တွင်လည်း အမေရိကန် ကာကွယ်ရေးဝန် ကြီး ပိထ်ဟက်ဂ်ဆက်သ်က ၎င်းတို့အနေဖြင့် “ဗုံးများဖြင့် ဆက်လက်ဆွေးနွေးသွားရန်” (Negotiating with bombs) ပြင်ဆင်ထားကြောင်း တုံ့ပြန်ပြောဆိုထား သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးက အီရန်အနေဖြင့် ယာ ယီအပစ်အခတ်ရပ်စဲရေး(Ceasefire) ထက် ဒေသတွင်းရှိ တိုက်ခိုက်မှုအားလုံးကို အပြီးတိုင်အဆုံးသတ်မှသာ လက်ခံသွားမည်ဖြစ်ကြောင်း ထပ်လောင်းအတည်ပြုခဲ့သည်။
#IranUSRelations #AraghchiInterview #Witkoff #15PointPlan #MiddleEastWar #GroundWarWarning #BreakingNews #PositiveAngleNews
Telegram»…
https://t.me/positiveanglenews
#PAN