ပြည်ကြီးတံခွန်မြို့နယ်တွင် အင်ဗာတာအပူလွန်ကဲရာမှ နေအိမ် ၂လုံး မီးလောင်ဆုံးရှုံး

(မှုခင်း) မတ် ၂၈

မန္တလေးတိုင်းဒေသကြီး ၊ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်၊အကွက်အမှတ် ဓဓ-၁၄/၄၄၊၆၀-E လမ်း၊၁၃၁×၁၃၂ လမ်းကြားနေ နေအိမ်၌ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မတ်လ၂၇ရက်နေ့ မွန်းလွဲ၁နာရီအချိန်က
ပြည်ကြီးတံခွန်မြို့နယ်၊(ဆ)ရပ်ကွက်ရှိ ဒေါ်ရီဌေး၏နေအိမ်တွင် တပ်ဆင်ထားသည့် အင်ဗာတာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွှဲတစ်နာရီကျော်အချိန်တွင် မီးငြိမ်းသတ်ခဲ့နိုင်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဒေါ်ရီဌေး၏ ၂၀×၂၀ပေ၊ထရံကာ ၂ထပ်နေအိမ်အပါဝင် နေအိမ် ၂လုံး မီးလောင်၊ဆုံးရှုံးခဲ့ကြောင်း မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်ရီဌေးအား ဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#PAN