“မန္တလေးတိုင်းလွှတ်တော် ဒုတိယနေ့အစည်းအဝေး ကျင်းပ—ကော်မတီ ၃ ရပ် ဖွဲ့စည်း”

(ပြည်တွင်း) မတ် ၂၆

မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယအကြိမ် ပထမပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို မတ်လ ၂၆ ရက်နေ့ နံနက် ၁၀ နာရီမှ ၁၀ နာရီ ၄၀ မိနစ်အထိ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးသို့ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ ဒုတိယဥက္ကဋ္ဌ ဦးကျော်မြင့်နှင့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ အပါအဝင် စုစုပေါင်း ၇၂ ဦး တက်ရောက်ခဲ့ကြသည်။


အစည်းအဝေးတွင် လွှတ်တော်ကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ပြီး ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီနှင့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးဆိုင်ရာကော်မတီတို့ကို ဖွဲ့စည်းခဲ့သည်။


ဥပဒေပြုရေးဆိုင်ရာကော်မတီအား ကော်မ တီဥက္ကဋ္ဌအဖြစ် ဦးသိန်းလွင်(ပြည်ကြီးတံခွန်မြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊အတွင်းရေးမှုးအဖြစ် ဦးပိုအေး(ပုသိမ်ကြီးမြို့နယ်မဲဆန္ဒ နယ်အမှတ်-၂)၊အဖွဲ့ဝင်များအဖြစ် ဦးတိုက်ကြည်(တံတားဦးမြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊ဦးဝင်းဇော် (ပြင်ဦးလွင်မြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊ဦးမျိုးကျော်(ချမ်းမြသာစည်မြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊ဒေါ်ဝင်းဝင်းလတ်(မလှိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊ဒုတိယဗိုလ်မှုးကြီး မြင့်နိုင်(တပ်မ‌တော်သားလွှတ်‌ တော်ကိုယ်စားလှယ်)တို့၏
အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်းနှင့်ဥပဒေပြုရေးဆိုင်ရာကော်မတီ၏ တာဝန်၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်၊သက်တမ်းတို့နှင့် စပ်လျဉ်း ၍ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦးကျော်မြင့်က ရှင်းလင်းပြောကြားခဲ့သည်။


တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီအား ကော်မတီဥက္ကဋ္ဌအဖြစ်ဦးဇော်ဝင်း (ပျော်ဘွယ်မြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊အတွင်းရေးမှုးအဖြစ် ဦးအောင်ဇော်ဇော်မျိုး(သပိတ်ကျင်းမြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊အဖွဲ့ဝင်များအဖြစ် ဦးယဉ်မောင်ထွန်း (ခ)ဦးယဉ်မောင်ဟိန်း(မဟာအောင် မြေမြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊ဒေါ်မြတ်သန္တာဦး(တောင်သာမြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊ဒေါ်အေးအေးသန့်(မတ္တရာမြို့နယ်မဲဆန္ဒနယ်အမှတ်-၂)တို့၏အမည် စာရင်းကို လွှတ်တော်သို့ တင်ပြ၍ တိုင်းရင်းသားလူမျိုးများအရေးဆိုင်ရာကော်မတီ၏ တာဝန်၊လုပ် ပိုင်ခွင့်၊ရပိုင်ခွင့်၊သက်တမ်းတို့နှင့်စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ် တော်ဒုတိယဥက္ကဌ ဦး‌ကျော်မြင့်က ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ လွှတ်တော်ကိုယ်စား လှယ်များ စိစစ်ရေးဆိုင်ရာကော်မ တီအား ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမျိုးမြင့်(ပြင်ဦးလွင်မြို့နယ်မဲဆန္ဒ နယ်အမှတ်-၂)၊အတွင်းရေးမှုးအဖြစ် ဦးဆောင်းတင်(စဉ့်ကူးမြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊အဖွဲ့ဝင်များအဖြစ် ဦးဇော်မင်းဦး(စဉ့်ကိုင်မြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊ဒေါ်လဲ့လဲ့ဝင်း(မြစ်သားမြို့နယ်မဲဆန္ဒနယ်အမှတ်-၂)၊ဦးထွန်းထွန်းဦး(ဝမ်းတွင်းမြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊ဦးလွင်မျိုးထွန်း(သာစည်မြို့နယ်မဲဆန္ဒနယ်အမှတ်-၁)၊ဒုတိယဗိုလ်မှုးကြီးသက်နိုင်ဦး (တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်)တို့၏ အမည်စာရင်းကို လွှတ်တော်သို့ တင်ပြခြင်းနှင့်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးဆိုင်ရာကော်မတီ၏ တာဝန်၊လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဌ ဦး‌ကျော်မြင့်က ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကမှ ပေးပို့လာသည့် ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို လွှတ်တော်သို့ တင်ပြမှတ်တမ်းတင်ခဲ့ပြီး အစည်းအဝေးကို ပြီးစီးခဲ့ကြောင်း သိရသည်။


မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ ပထမပုံမှန်အစည်းအဝေး (တတိယနေ့) ကို မတ်လ ၃၀ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN