
(ပြည်တွင်း)မတ်လ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်တွင် အNUGလက်အောက်ခံ အကြမ်းဖက်PDF စခန်းတစ်ခုအား တပ်မတော်လေမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူများပြားကြောင်း သိရသည်။
မတ်လ ၂၂ ရက် ည ၇ နာရီကျော်အချိန်တွင် အရာတော်မြို့နယ် အကြမ်းဖက်PDFစခန်းတစ်ခုအား နယ်မြေခံသတင်းပေးမှုအရ တပ်မတော်လေ မှ ဗုံးကျဲရှင်းလင်းခဲ့ရာ PDFအဖွဲ့ဝင် ၅ဦးထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရရှိသူများကြောင်း၊ စခန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။
အဆိုပါ ဗုံးကျဲရှင်းလင်းမှုကြောင့် စခန်းရှိိ PDFတပ်ဖွဲ့ဝင် အမျိုးသား ၂ဥိးနှင့် အမျိုးသမီး ၃ဦး သေဆုံးခဲ့ကြောင်း ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင်လည်း ဆားလင်းကြီးမြို့နယ်၊ ဖိုလ်ဝင်တောင်အနီးတွင်ရှိသော ဆားလင်းကြီးမြို့နယ် အကြမ်းဖက်PDFစခန်းအား တပ်မတော်လေမှ ပါရာမိုတာဖြင့် ဗုံးကြဲရှင်းလင်းခဲ့ရာ PDF တပ်ဖွဲ့ဝင် ၁၁ ဦးသေဆုံးပြီး ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။