

(နိုင်ငံတကာ) မတ် ၂၃
အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ LaGuardia လေဆိပ်၏ ပြေးလမ်းပေါ်တွင် Air Canada လေကြောင်းလိုင်းပိုင် ခရီးသည်တင်လေယာဉ်တစ်စင်းနှင့် လေဆိပ်မီးသတ်ကားတစ်စင်းတို့ တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း BNO News သတင်းဌာနက ဖော်ပြခဲ့သည်။
ဖြစ်စဉ်မှာ Air Canada လေယာဉ်သည် ပြေးလမ်းပေါ်တွင် မောင်းနှင်နေစဉ် လေဆိပ်မီးသတ်တပ်ဖွဲ့မှ မီးသတ်ကားတစ်စင်းနှင့် မတော်တဆ ထိခိုက်မိခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်မိမှုကြောင့် လေယာဉ်၏ တောင်ပံပိုင်းတွင် ထိခိုက်ပျက်စီးမှုအချို့ ရှိခဲ့သော်လည်း လေယာဉ်ပေါ်ပါ ခရီးသည်များနှင့် အမှုထမ်းများ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း လတ်တလော သတင်းများအရ သိရသည်။
လေဆိပ်အာဏာပိုင်များအနေဖြင့် အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးနောက် ပြေးလမ်းအချို့ကို ခေတ္တပိတ်သိမ်းကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး လေယာဉ်ခရီးစဉ်အချို့ ကြန့်ကြာမှုများ ရှိခဲ့သည်။ လက်ရှိတွင် အမေရိကန် ဖက်ဒရယ်လေကြောင်းဦးစီးဌာန (FAA) က ယခုဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။