ပြင်းအား ၃.၄ အဆင့်ရှိ ငလျင် ပန်ဆန်းမြို့အနီး လှုပ်ခတ်

(မိုး /ဇလ) မတ် ၂၃

ပန်ဆန်းမြို့မှ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာတွင် ယနေ့မနက် ၅ နာရီ ၃၉ မိနစ် ၄၀ စက္ကန့်အချိန်၌ ပြင်းအား ၃.၄ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားချက်အရ သိရသည်။

ငလျင်၏ဗဟိုချက်သည် မြေအနက် ၁၀.၀ ကီလိုမီတာတွင် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်ခတ်မှုကြောင့် အနီးတစ်ဝိုက်တွင် ပျက်စီးဆုံးရှုံးမှုများ ရှိမရှိ ငလျင်ဆိုင်ရာ သတင်းများကို ဆက်လက်၍ စောင့်ကြည့်လျက်ရှိကြောင်းသိရသည်။