
(ပြည်တွင်း) မတ် ၁၈
ကာဇက်စတန်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ လေ့လာရေးအစီအစဉ်အား တက်ရောက်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာကြောင်း သိရသည်။
အဆိုပါ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုယ်စားလှယ်အဖွဲ့၌ အဖွဲ့ဝင်များဖြစ်သည့် ဦးသန်းထွဋ်သိန်းနှင့် ဦးခင်မောင်ကြီးတို့ သည် ကာဇက်စတန်နိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မတ်လ ၁၅ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထိုလေ့လာရေးခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၁၄ ရက်ေန့တွင် ဗဟိုဆန္ဒခံယူပွဲကော်မရှင် (The Central Referendum Commission of the Republic of Kazakhstan – CRCRK)၌ ကျင်းပပြုလုပ်သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားသို တက်ရောက်ခဲ့ေကြာင်း သိရသည်။
ထို့နောက် မတ်လ ၁၅ ရက်ေန့နှင့် ၁၆ရက်နေ့များတွင် မဲရုံများ စတင်ဖွင့်လှစ်မှုအခြေအနေနှင့် မဲဆန္ဒရှင်ပြည်သူများ၏ မဲပေးမှုလုပ်ငန်းစဉ်များကို လေ့လာခြင်း၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်မှုလုပ်ငန်းစဉ်များကို လေ့လာစောင့်ကြည့်ခြင်းတို့ကို ဆောင်ရွက်ကြပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၏ ကနဦးရလဒ်များ ထုတ်ပြန်ခြင်းဆိုင်ရာ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်လေ့လာခဲ့ကြကြောင်းလည်း သိရသည်။
ထိုပြင် လေ့လာရေးခရီးစဉ်သို တက်ရောက်လာသည့် နိုင်ငံတကာရွေးကောက်ပွဲကော်မရှင်၊ အဖွဲအစည်းအသီးသီးတိုမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။