(နိုင်ငံတကာ)မတ် ၁၅
ယမန်နေ့ အီရတ်ဒေသစံတော်ချိန် ညပိုင်းတွင်”အီရတ်အစ္စလာမ္မစ်ခုခံရေးအဖွဲ့”(Islamic Resistance in Iraq – IRI)က ဘဂ္ဂဒက်မြို့ရှိ လုံခြုံရေးအမြင့်ဆုံးဇုန် (Green Zone) အတွင်းရှိ အမေရိကန်သံရုံးကို ဦး တည်၍ ဒုံးကျည်အမြောက်အမြားနှင့် အသေခံဒရုန်း (Kamikaze Drones) များဖြင့် တိုက်ခိုက်ခဲ့သည်။
ယခုတိုက်ခိုက်မှုသည် ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည့် အမေရိကန် Stratotanker ဆီဖြည့်လေယာဉ် ပစ်ချခံရမှု နောက်ဆက်တွဲဖြစ်ပြီး၊ အမေရိကန်၏ ဒေသတွင်း စစ်ရေးလှုပ်ရှားမှုများကို တုံ့ပြန်သည့်အနေဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုကြောင့် သံရုံးဝင်းအတွင်းရှိ အဆောက်အအုံအချို့ ထိခိုက်ပျက်စီးမှုရှိပြီး မီးခိုးများ အူထွက်နေသည်ကို မြင်တွေ့ရသည်။ သံရုံး၏ C-RAM လေကြောင်းရန်ကာကွယ်ရေးစနစ် များက ဒုံးကျည်အချို့ကို ကြားဖြတ်ပစ်ချနိုင်ခဲ့သော်လည်း အချို့မှာ သံရုံးဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည်။
လက်ရှိ အတည်မပြုနိုင်သေးတဲ့ သတင်းရင်းမြစ်အချို့အရ သံရုံးလုံခြုံရေးတာဝန်ယူထားတဲ့ အမေရိကန် မရိန်းတပ်ဖွဲ့ဝင် (၂) ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး၊ သံရုံးဝန်ထမ်း (၃) ဦး မှာတော့ မှန်စင်တာနဲ့ ပေါက် ကွဲမှုအရှိန်ကြောင့် ဒဏ်ရာအနည်းငယ် ရရှိထားသည်ဟု သိရပါသည်။ သံရုံးဝင်းအပြင်ဘက်က လုံခြုံရေးဂိတ်တွေမှာ တာဝန်ကျနေတဲ့ အီရတ်စစ်သည် (၄) ဦး ထက်မနည်း ဒုံးကျည်စထိမှန်ပြီး ဒဏ်ရာရရှိခဲ့သည်။ သံရုံးတည်ရှိရာ Green Zone အနီးတစ်ဝိုက်မှာ နေထိုင်တဲ့ အီရတ်အရပ်သား (၅) ဦး ခန့်ဟာလည်း ဒုံးကျည်အချို့ လမ်းချော်ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရခဲ့ကြသည်ဟု သိရသည်။
အီရတ်အစ္စလာမ္မစ် ခုခံရေးအဖွဲ့(IRI) သည် အီရတ်ရှိ အီရန်ထောက်ခံသော လက်နက် ကိုင်အဖွဲ့အများအပြား စုပေါင်းထားသည့် အဖွဲ့ ဖြစ် သည်။ ၎င်းတို့အဖွဲ့သည် အမေရိကန်၏ ဒေသတွင်း ကျူးကျော်မှုများကို တုံ့ပြန်ရန်အတွက် ယခုတိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း Telegram ချန်နယ်များမှတစ်ဆင့် ကြေညာခဲ့သည်။
#PositiveAngle #USEmbassyBaghdad #IraqCrisis #IranConflict #MiddleEastWar2026 #GreenZone #BreakingNews
Telegram»…
https://t.me/positiveanglenews
#PAN