
(နိုင်ငံတကာ)မတ် ၁၄
အမေရိကန် လေတပ်ပိုင် KC-135 Stratotanker ဆီဖြည့်လေယာဉ်သည် ယနေ့ အရှေ့အလယ်ပိုင်း ဒေသစံတော်ချိန် နံနက်အစောပိုင်း (၂:၃၀)အချိန်ခန့်တွင် ရတ်-ဆီးရီးယား နယ်စပ်အနီး (အမေရိကန်တပ်များ အခြေစိုက်ရာ အယ်လ်တာ့ဖ် – Al-Tanf ဒေသအနီး ဝေဟင်တွင် ကင်းလှည့်နေတဲ့ အမေရိကန် တိုက်လေ ယာဉ်များကို ဝေဟင်၌ ဆီဖြည့်ပေးရန် (Mid-air Refueling) ပျံသန်းနေစဉ် ပစ်ချခံခဲ့ရသည်။
အဆိုပါလေယာဉ်သည် ဒုံးကျည်ထိမှန်ပြီးနောက် ဝေဟင်မှာတင် ပေါက်ကွဲပျက်ကျခဲ့တာကြောင့် လေယာဉ်ပေါ်ပါရှိတဲ့ အမေရိကန်စစ်သည် (၆) ဦးစလုံး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အီရန်အစိုးရနှင့် ဒေသတွင်း သတင်းရင်းမြစ်များ ၏ အဆိုအရ အဆိုပါ Stratotanker လေယာဉ်ကို အီရန်ထောက်ခံသည့် လက်နက်ကိုင်အဖွဲ့ (Pro-Iran Militia) က ဒုံးကျည်ဖြင့် တိုက်ရိုက်ပစ်ချခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။ အီရန်ထောက်ခံတဲ့ လက်နက်ကိုင်အဖွဲ့တွေက ၎င်းတို့မှာရှိတဲ့ အဆင့်မြင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည် (Surface-to-Air Missile) ကို အသုံးပြုပြီး ပစ်ချခဲ့တာလို့ ဆိုသည်။
ပင်တဂွန်ဘက်ကမူ လေယာဉ်ပျက်ကျပြီး စစ်သည်များ သေဆုံးမှုကို ဝန်ခံသော်လည်း ရန်သူ့တိုက်ခိုက်မှုကြောင့် မဟုတ်ဘဲ “Friendly Fire” (မိမိတပ်ဖွဲ့ချင်း မှားယွင်းပစ်ခတ်မှု) ကြောင့်သာ ဖြစ်သည်ဟု တုံ့ပြန်ထားသည်။ ပင်တဂွန်ဘက်က လေယာဉ်ဟာ ရန်သူ့ဒုံးကျည်ကြောင့် ပျက်ကျတာမဟုတ်ဘဲ၊ အနီးအနားမှာ ရှိနေတဲ့ အမေရိကန် Patriot ဒုံးကျည်ကာကွယ်ရေးစနစ် က ရန်သူ့ဒုံးကျည်အမှတ်နဲ့ မှားယွင်းပစ်ခတ်မိတာ (Friendly Fire) သာ ဖြစ်တယ်လို့ တုံ့ပြန်ထား သည်။
#PositiveAngle #BreakingNews #USAF #Stratotanker #IranConflict #Pentagon #MiddleEastCrisis #WarUpdate2026
Telegram»…
https://t.me/positiveanglenews
#PAN