(နိုင်ငံတကာ)မတ် ၁၂
အိုမန်နိုင်ငံ၊ ဆာလာလာဆိပ်ကမ်း (Port of Salalah) ရှိ လောင်စာဆီသိုလှောင်ကန်အချို့ ယမန်နေ့က ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း အိုမန်အစိုးရပိုင်သတင်းဌာန (ONA) နှင့် နိုင်ငံတကာသတင်းဌာနများက အတည်ပြုထားသည်။
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော စစ်ရေးတင်းမာမှုများအတွင်း အီရန်မှလွှတ်တင်သည်ဟု ယူဆရသော ဒရုန်းများက ဆာလာလာဆိပ်ကမ်းရှိ ဆီသိုလှောင်ကန်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အနည်းဆုံး လောင်စာဆီသိုလှောင်ကန် ၂ ခုထက်မနည်း မီးလောင်ကျွမ်းခဲ့ပြီး ကောင်းကင်ယံတွင် မီးခိုးအမည်းရောင်များ ဖုံးလွှမ်းနေသည်ကို ဗီဒီယိုမှတ်တမ်းများတွင် တွေ့ရသည်။ သို့သော် လူအသေအပျောက် သတင်းမရှိသလို၊ ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် ကုန်တင်သင်္ဘောများလည်း ထိခိုက်မှုမရှိကြောင်း သိရသည်။
အိုမန်မီးသတ်တပ်ဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့များက မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြပြီး ဆိပ်ကမ်းလုပ်ငန်းလည်ပတ်မှုများကို ဘေးကင်းလုံခြုံရေးအတွက် ခေတ္တရပ်နားထားသည်။
အိုမန်နိုင်ငံဟာ ပုံမှန်အားဖြင့် ကြားနေနိုင်ငံဖြစ်သော်လည်း ယခုအခါ ဒေသတွင်းစစ်ပွဲရဲ့ ရိုက်ခတ်မှုကို ခံနေရခြင်း ဖြစ်သည်။
ဒီတိုက်ခိုက်မှု သတင်းထွက်ပေါ်လာပြီးနောက်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း (Brent Crude)ဟာ တစ်စည်ကို ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းဝန်းကျင် အထိ ရုတ်တရက် မြင့်တက်သွားခဲ့သည်။
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီတိုက်ခိုက်မှုမှာ သူတို့ ပါဝင်ပတ်သက်ခြင်း မရှိကြောင်းနဲ့ ဒါဟာ အီရန်အပေါ် နိုင်ငံတကာက အထင်အမြင်လွဲမှားအောင် လုပ်ကြံဖန်တီးထားတဲ့ “ဝါဒဖြန့်မှု” (Propaganda) သာဖြစ်တယ်လို့ တုံ့ပြန်ထားသည်။ အိုမန်လို ကြားနေနိုင်ငံမျိုးကို သူတို့ဘက်က တိုက်ခိုက်စရာ အကြောင်းမရှိဘူးလို့လည်း ဆိုသည်။
#PositiveAngle #BreakingNews #Oman #SalalahPort #OilTankerFire #MiddleEastCrisis #EnergySecurity
Telegram»…
https://t.me/positiveanglenews
#PAN