ဟော်မုဇ်ရေလက်ကြားတွင် သင်္ဘောနှစ်စင်း ထပ်မံတိုက်ခိုက်ခံရ

(နိုင်ငံတကာ)မတ် ၁၁

     ဗြိတိန်ရေတပ်၏ ရေကြောင်းကုန်သွယ်မှု စောင့်ကြည့်ရေးအဖွဲ့ (UKMTO) က ယနေ့တွင် ဟော်မုဇ်ရေလက်ကြားနှင့် ဒူဘိုင်းမြို့ အနောက်မြောက်ဘက် ရေပြင်တို့တွင် ကုန်တင်သင်္ဘောနှစ်စင်း ဒုံးကျည် ထိမှန်ပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အတည်ပြုခဲ့သည်။

     တီဟီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲမှုအပြီး အီရန်ဘက်က ပြုလုပ်လာသည့် “ရေ ကြောင်းလက်တုံ့ပြန်မှု” ဖြစ်နိုင်သည်ဟု ယူဆရသည်။

   ယနေ့ နံနက်ပိုင်းတွင် ဟော်မုဇ်ရေလက်ကြားအတွင်း ပျံသန်းလာသည့် Drone သို့မဟုတ် ဒုံးကျည် တစ်စင်းကြောင့် ပထမသင်္ဘောတစ်စင်း ထိမှန်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။ ၎င်း သင်္ဘောသည် ဘန်ကောက်အခြေစိုက် Precious Shipping ကုမ္ပဏီပိုင် Bulk Carrier အမျိုးအစား Mayruree Naree သင်္ဘောဖြစ်သည်။ အဆိုပါ သင်္ဘောမှာ မီးလောင်မှုဖြစ်ပွားခဲ့ကာ သင်္ဘောသား ၂၀ ဦးကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ သင်္ဘောပေါ်တွင် အရေးပေါ်ထိန်းသိမ်းရေးအဖွဲ့သား ၃ ဦး ကျန်ရှိနေပြီး လက်ရှိတွင် မီးငြှိမ်းသတ်ပြီးဖြစ်ကြောင်း သိရသည်။

     ဒုတိယ ဒုံးကျည်ထိမှန်သော သင်္ဘောမှာ ဂျပန်နိုင်ငံမှ MitsuiOSK Lines (MOL) ကုမ္ပဏီပိုင်ဖြစ်ပြီး Container Ship အမျိုးအစား ONE Majesty သင်္ဘောဖြစ်သည်။ Ras Al Khaimah (ယူအေအီး) အနောက် မြောက်ဘက်တွင် တိုက်ခိုက်ခံရပြီး သင်္ဘောကိုယ် ထည်တွင် ၁၀ စင်တီမီတာခန့် အပေါက်ဖြစ်သွားခဲ့သော်လည်း သင်္ဘောသားအားလုံး ဘေးကင်းမှုရှိကြောင်း သိရသည်။ လက်ရှိတွင် ဘေးကင်းသည့် ကျောက်ဆူးချရပ်နားရာနေရာသို့ ဦးတည်မောင်းနှင်နေသည်။

     ထိုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ အီရန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက အနောက်အုပ်စု၏ ပိတ်ဆို့မှုများနှင့် စစ်ရေးအရ တိုက်ခိုက်မှုများသည် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ပြီး၊ အီရန်အနေဖြင့် မိမိကိုယ်ကို ခုခံကာကွယ်ရန်အတွက် “ဟော်မုဇ်ရေလက် ကြားအား ထိန်းချုပ်ပိုင်ခွင့်” ကို လိုအပ်သလို အသုံးပြုသွားမည်ဟု ဆိုသည်။

#PositiveAngle #IranWarning #StraitOfHormuz #IRGC #MaritimeTension #MiddleEastConflict #BreakingNews

Telegram»…
https://t.me/positiveanglenews

#PAN