(ပြည်တွင်း) မတ် ၁၁
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်၌တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန(၅)ခု ဖွင့်လှစ်ထားပြီး ကျောင်းသား၊ ကျောင်းသူ(၇၃၄)ဦးရှိအနက် ပျက်ကွက်(၄၄)ဦး၊ ဖြေဆို(၆၉၀)ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မာန်အောင်မြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် မတ် (၁၁)ရက်မှစတင်ကျင်းပလျက်ရှိရာ (ပထမနေ့)မြန်မာစာ ဘာသာရပ်အားကျောင်းသား၊ကျောင်းသူများအေးချမ်းစွာဖြင့်ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

#PAN