
(နိုင်ငံတကာ)မတ် ၉
ဆော်ဒီအာရေးဗျနိုင်ငံ တောင်ပိုင်း နယ်စပ်ဒေသဖြစ်သော ဂျီဇန် (Jizan) မြို့ရှိ လူနေအဆောက်အအုံတစ်ခုပေါ်သို့ အမည်မသိ လက်နက်ကြီးကျည် (Projectile) တစ်ခု ကျရောက်ခဲ့သဖြင့် အရပ်သား (၂) ဦး သေဆုံးပြီး အခြားသူအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ဆော်ဒီအစိုးရက တရားဝင်ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ယီမင်နိုင်ငံရှိ အီရန်ကျောထောက် နောက်ခံပြု ဟူသီ (Houthi) သူပုန်များက ပစ်ခတ်လိုက်သော ဒုံးကျည်အား ဆော်ဒီလေကြောင်း ကာ ကွယ်ရေးစနစ်က ကြားဖြတ်ပစ်ချရာမှ အပိုင်းအစများ ကျရောက်ခြင်းဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
ကျည်ကျရောက်မှုကြောင့် အဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးသူများမှာ ဆော်ဒီနိုင်ငံ သား (၁) ဦးနှင့် ပြည်ပလုပ်သား (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။
ဟူသီအဖွဲ့သည် အစ္စရေး-အီရန်စစ်ပွဲတွင် အီရန် ဘက်မှ ရပ်တည်နေပြီး အစ္စရေးသို့ ဦးတည်သော ဒုံးကျည်များနှင့် ဒရုန်းများကို ဆက်တိုက်ပစ်ခတ်နေခြင်း ဖြစ် သည်။
ဤဖြစ်ရပ်ကြောင့် ဆော်ဒီအာရေးဗျအနေဖြင့် ၎င်း၏ လေပိုင်နက်လုံခြုံရေးအတွက် ပိုမိုတင်းကျပ်သော စစ်ရေးခြေလှမ်းများ ပြုလုပ်လာနိုင်သလားဆိုသည်မှာ စောင့်ကြည့်စရာ ဖြစ်လာသည်။
#PositiveAngle #Iran #Khamenei #MojtabaKhamenei #RegimeChange #MiddleEastPolitics
Telegram»…
https://t.me/positiveanglenews
#PAN