ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲနှင့် တပ်မတော်(ရေ)စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားကျင်းပ

(ပြည်တွင်း) မတ် ၉

     နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့တဲ့ တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားနှင့်စစ်ရေယာဉ်များတပ်တော်ဝင်ခြင်းအခမ်းအနားများအား  ယမန်နေ့နံနက်ပိုင်းမှာ သန်လျင်တပ်နယ်၊ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ကျင်းပခဲ့သည်။

     တန် ၄၀၀၀၀ ရေလုံလွန်းကျင်း (Yadanabon Floating Dock) သည် တန်ချိန် ၄၀၀၀၀ အထိ အလေးချိန်ရှိသော သင်္ဘောများကို မ တင်ပြင်ဆင်နိုင်သည့် စွမ်းအားရှိသည်။ ယခင်က တပ်မတော်(ရေ) ရှိ အကြီးဆုံး စစ်ရေယာဉ်များဖြစ်သော ဖရီးဂိတ် (Frigate) သင်္ဘောများနှင့် စစ်ရေယာဉ် (မုတ္တမ) ကဲ့သို့သော သင်္ဘောကြီးများကို ပြုပြင်ရန် ပြည်ပသို့ ပို့ဆောင်ရခြင်း သို့မဟုတ် အခက်အခဲရှိခြင်းများကို ယခုကျင်းသစ်ကြီးက ဖြေရှင်းပေးနိုင်မည်ဖြစ်သည်။ ၎င်းသည် မြန်မာနိုင်ငံတွင် အကြီးဆုံးသော ရေလုံလွန်းကျင်းဖြစ်လာသည်။

     ယခုအခမ်းအနားတွင် တပ်တော်ဝင်ခဲ့သည့် စစ်ရေယာဥ်များကို ကြည့်လျှင် စစ်ရေယာဉ် (ချင်းတွင်း) သည်
ကြီးမားသော ကမ်းထိုးရေယာဉ် (Landing Craft Utility – LCU)ဖြစ်ပြီး စစ်သည်များ၊ သံချပ်ကာယာဉ်များနှင့် ရိက္ခာများကို ကမ်းခြေသို့ တိုက်ရိုက်ပို့ဆောင်နိုင်သည်။

၎င်းအ​ပြင် အမြန်သွား ကင်းလှည့်ရေယာဉ်များ ပါဝင်ပြီး ပြည်တွင်း၌ ကိုယ်တိုင်တည်ဆောက်ထားသည့် ရေပြင်ပိုင်နက် ကင်းလှည့်ရန်အတွက် အဆင့်မြင့်နည်းပညာသုံး သင်္ဘောငယ်များ ဖြစ်ပါသည်။

     ပင်လယ်ပြင်လုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် အသုံးပြုရန်အတွက် ကမ်းခြေစောင့်တပ် (Coast Guard) ရေယာဉ်များ လည်း တပ်တော်ဝင်ခဲ့သည်ကို တွေ့ရသည်။

     ဤခြေလှမ်းသည် မြန်မာ့ရေတပ်ကို “Brown Water Navy” (ကမ်းနီးရေတပ်) အဆင့်မှ “Blue Water Navy” (ပင်လယ်ပြာရေတပ်) အဆင့်သို့ တက်လှမ်းရန် ကြိုးပမ်းမှုတစ်ခု ဖြစ်သည်။ တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ပိုင်ဆိုင်ခြင်းကြောင့် စစ်သင်္ဘောကြီးများကို ပြည်တွင်း၌ပင် အချိန်တိုအတွင်း ပြုပြင်ထိန်း သိမ်းနိုင်တော့မည်ဖြစ်သဖြင့် စစ်ရေးအသင့်ဖြစ်မှု (Combat Readiness) ကို ပိုမိုမြင့်မားစေမည်ဖြစ်ပါသည်။

​​#PositiveAngle #MyanmarNavy #Commissioning #FloatingDock #MilitaryNews #MaritimePower
Telegram»…
https://t.me/positiveanglenews


#PAN