
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး ၊နွားထိုးကြီးမြို့နယ်၊ငှက်ပျောအိုင်ကျေးရွာမှ အမျိုးသားတစ်ဦးသည် အကြမ်းဖက်သမားများထောင်ထားသည့် မိုင်းအား နင်းမိသဖြင့် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၀ရက်နေ့ နံနက်၇နာရီခွဲအချိန်က ဦးဖိုးဇော်(၄၈)နှစ်၊(ဘ)ဦးအောင်သန်း၊ငှက်ပျောအိုင်ကျေးရွာ၊နွားထိုးကြီးမြို့နယ်နေသူသည် ရွာ၏အနောက်တောင်ဘက် တောအတွင်း တိုက်ပွဲရှောင်နေထိုင်လျက်ရှိရာမှ ကျေးရွာအတွင်းသို့ ၎င်းပိုင်နွားများဖြင့် ပြန်လည်ဝင်ရောက်လာစဉ် အကြမ်းဖက်သမားများ ထောင် ထားသည့် မိုင်းအား နင်းမိခဲ့ရာမှ ယာခြေမျက်စီ စုတ်ပြဲ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ဇနီးဖြစ်သူ ဒေါ်နန်းစုခိုင်၏ ပြောပြချက်အရ သိရသည်။
အဆိုပါ မိုင်းစထိမှန်ဒဏ်ရာရရှိသူ ဦးဖိုးဇော်အား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊အရေးပေါ်နှင့်ပြင်ပလူနာဌာနသို့ ပို့ဆောင်ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။