
(မှုခင်း)ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ်၊သိုင်းဝကျေးရွာနေထိုင်တဲ့အရပ်သားတစ်ဉီးကိုPDFများမှသတ်ဖြတ်ခဲ့ကြောင်းသိရသည်။
ဉီးဇော်ထက်(၃၆)နှစ်၊ဉယျာဉ်မှူးကျေးရွာနေ ကိုဇင်ကိုဝင်း(၂၄)နှစ်၊ဦးမင်းမင်း(၃၈)နှစ်တို့သည် ဖေဖော်ဝါရီ(၁)ရက်၊ နံနက်(၈)နာရီအချိန်တွင် ဝါးများသယ်ဆောင်ရန်သွားရောက်စဉ် သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်းသိရသည်။
ဉီးဇော်ထက်တို့သုံးဉီးသည် ထုံးကြီးကျေးရွာ အနီးရောက်တွင်အကြမ်းဖက်PDFသမား (၅)ဉီးခန့်သည် ၎င်းတို့ စီးနင်းလာသောမော်တော်ယာဉ်အား တားဆီးကာ မော်တော်ယာဉ်ပိုင်ရှင်အား ဖုန်းဆက်ခေါ်ခိုင်းခဲ့ခြင်းဖြစ်သည်။
ဉီးမင်းမင်းနှင့်ကြို့ပင်ထိုက်ကျေးရွာနေ ဉီးကျော်ခိုင် (၄၆)နှစ်တို့နှစ်ဉီးမှ မော်တော်ယာဉ်ရှိရာသို့ ရောက်ရှိလာစဉ် အကြမ်းဖက်PDFသမားများမှ ဉီးမင်းမင်းကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ကျန်ရှိနေသော ဦးဇော်ထက်နှင့်ကိုဇင်ကိုဝင်းတို့နှစ်ဉီးကို မော်တော်ယာဉ်နဲ့အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ေသာ်လည်း ဦးကျော်ခိုင်သည် ထွက်ပြေးလွတ်ေမြှာက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ မရရှိခဲ့ကြောင်းသိရသည်။
အကြမ်းဖက်PDFသမားများ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ဉီးမင်းမင်း အသက်(၃၈)နှစ်သည် ကျည်ထိမှန်ဒဏ်ရာများရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။