ရွေးကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးက အများအပြား အနိုင်ရ

(ပြည်တွင်း) ဇန်နဝါရီ ၂၆

မနေ့က ကျင်းပပြီးသွားတဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ၃ မှာ ပြည်ခိုင်ဖြိုးပါတီက မြို့နယ် ၅၀ ကျော်မှာ အနိုင်ရတယ်လို့  သိရပါတယ်။

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ  ၂၈ ရက်နေ့ကစတင်ကာ အပိုင်း ၃ ခွဲကာကျင်းပခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီက မြို့နယ် အများအပြားမှာအနိုင်ရခဲ့တယ်လို့ သိရပါတယ်။

ထုတ်ပြန်ပြီးတဲ့စာရင်းတွေအရ ၂၀၂၅ ရွေးကောက်ပွဲအပိုင်း ၁ မှာ ၈၉ မြို့နယ်၊ အပိုင်း ၂ မှာ ၈၅ မြို့နယ်အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၆ ရက်နေ့က ရွေးကောက်ပွဲ အပိုင်း ၃ ကို မြို့နယ် ၆၁ မြို့နယ်မှာကျင်းပခဲ့တာဖြစ်ပြီး ၅၆ မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော် ၃ ရပ်လုံးမှာ အနိုင်ရရှိခဲ့ပြီး သီပေါမြို့နယ်နဲ့ ညောင်ရွှေမြို့နယ်မှာတော့ အမျိုးသားလွှတ်တော်မှာသာအနိုင်ရခဲ့တယ်လို့ သိရပါတယ်။

ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံးအပြီးမှာ ပြည်ခိုင်ဖြိုးပါတီက အများအပြားအနိုင်ရထားတာဖြစ် ပြီး အစိုးရဖွဲဲ့နိုင်တဲ့အနေအထားရှိနေတာဖြစ်ပါတယ်။

ပြည်ခိုင်ဖြိုးပါတီကအနိုင်ရရှိထားတာကြောင့် ရွေးကောက်ပွဲကာလမှာပေးထားတဲ့ ကတိဂဝတ်တွေကိုအကောင်အထည်ဖော်ပေးနိုင်မယ့် အစိုးရတစ်ရပ်ကို ပြည်သူတွေမျှော်လင့်နေတာဖြစ်ပါတယ်။

#PAN