ရွေးကောက်ပွဲ အပိုင်း ၃ မှာပါဝင်တဲ့ တနင်္သာရီတိုင်းဒေသကြီးတွင်းကမြို့တွေဆီကို မဲပေးစက် (MEVM) တွေ ရေလမ်းကနေ သယ်ယူ

(ပြည်တွင်း) ဇန်နဝါရီ ၂၁

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)မှာ ပါဝင်နေတဲ့ တနင်္သာရီတိုင်းဒေသကြီးတွင်းက မြို့တွေဆီမှာအသုံးပြုမယ့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) တွေကို ရေလမ်းခရီးကနေ သယ်ယူ ပို့ဆောင်နေတယ်လို့ သိရပါတယ်။

မြန်မာအီလက် ထရောနစ်မဲပေးစက်(MEVM) တွေကို ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်ပိုင်းက မြိတ်မြို့ ဆိပ်ငယ်တံတားကနေ ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၃) မှာပါဝင်တဲ့ တနင်္သာရီတိုင်းဒေသကြီးတွင်းက ပုလောမြို့နဲ့ ပလောက်မြို့တွေဆီကို စက်လှေတွေနဲ့ ပို့ဆောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

MEVM စက်တွေထိခိုက်ပျက်စီးမှု မရှိစေဖို့၊ လမ်းခရီးမှာ ဘေးအန္တရာယ်ကင်းရှင်းစေဖို့အပြင် လိုအပ်တဲ့ လုံခြုံရေးပိုင်းဆိုင်ရာကိစ္စတွေကို ကမ်းရိုးတမ်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နဲ့တာဝန်ရှိသူတွေက တွေ့ဆုံမှာကြားခဲ့တယ်လို့ သိရပါတယ်။