အရှည် ၈၇၆ ပေ အကျယ် ၃၃ ပေရှိတဲ့ သံလွင်တံတား(တာဆန်း) ကို နိုင်ငံတော် ယာယီသမ္မတ တက်ရောက်ဖွင့်လှစ်ပေး

(ပြည်တွင်း) ဇန်နဝါရီ ၂၁

နိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။

သံလွင်မြစ်ကူးတံတား(တာဆန်း) ဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးမှာရှိတဲ့ တံတားတည်နေရမှာ ဇန်နဝါရီ ၂၀ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ပြည်ထောင်စုဝန်ကြီးတွေ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှအဆင့်မြင့် တပ်မတော်အရာရှိကြီးတွေ၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဌာနဆိုင်ရာတွေ၊ ဒေသခံပြည်သတွေတက်ရောက်ကြတယ်လို့ သိရပါတယ်။

အခုဖွင့်လှစ်လိုက်တဲ့ သံလွင်မြစ်ကူးတံတား(တာဆန်း) ဟာ ပေ ၉၀၀ အရှည်ရှိတဲ့ သံလွင်တံတား(တာဆန်း)ကြိုးတံတားအဟောင်းရဲ့ အနီးမှာ တည်ဆောက်ထားတာဖြစ်ပြီး ရေလမ်းကင်းလွတ် အကျယ် ၂၈၀ ပေရှိကာ ရေလမ်းကွင်းလွတ်အမြင့်ကတော့ ၃၄ ပေရှိတယ်လို့လည်း သိရပါတယ်။

တံတားအသစ်ကြီးတည်ဆောက်ပြီးစီးခဲ့ပြီဖြစ်တာကြောင့် ရှမ်းပြည်နယ် (တောင်ပိုင်း)နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့ကို ဆက်သွယ်ထားတဲ့ တောင်ကြီး- နမ့်စန်-မိုးနဲ-မိုင်းပန်-မိုင်းတုံ-မိုင်းဆတ်-တာချီလိတ် လမ်းကြောင်းကိုအသုံးပြုကာ ကုန် စည် ကူးသန်းသွားလာမှုတွေကို ပိုမိုလွယ်ကူမြန်ဆန်စွာ ဆောင်ရွက်သွားနိုင်မှာဖြစ်ပြီး ဒေသခံပြည်သူတွေရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကိုလည်း အထောက် အကူများစွာဖြစ်လာစေမှာဖြစ်တယ်လို့ သိရပါတယ်။