ကျိုင်းတုံရေတံခွန်တွင် ပန်းပွဲတော်ကို ပထမအကြိမ်အဖြစ် စတင်ကျင်းပ

(ပြည်တွင်း) ဒီဇင်ဘာ ၂၄

ကျိုင်းတုံရေတံခွန် ပန်းပွဲတော်ကို ပထမဦးဆုံးအကြိမ်အဖြစ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါကျိုင်းတုံရေတံခွန် ပန်းပွဲတော်ကို ဒီဇင်ဘာလ ၂၄ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၈ ရက်အထိ ၁၆ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ပွဲတော်ကာလအတွင်း စျေးရောင်းချရန် ဆိုင်ခန်းနေရာများ ကြိုတင်နေရာယူထားနိုင်ကြောင်းလည်း အသိပေး ထားပါတယ်။

ကျိုင်းတုံရေတံခွန်ပန်းပွဲတော်ကို ကျိုင်းတုံမြို့ရေတံခွန်မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး Synthesis Music band ၊ UNION Music Band တို့နဲ့ ဖျော်ဖြေသွားမည်ဖြစ်ပြီး Free Show သတ်မှတ်ထားကြောင်း သိရပါတယ်။