PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့သို့ ဆက်သွယ် ထားသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက ပြန်လည် သိမ်းပိုက်ရရှိ

နေပြည်တော် ဒီဇင်ဘာ ၂၂

တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့/ရွာအချို့အား ပြန်လည်သိမ်းပိုက်ရရှိရေး အကြမ်းဖက်မှုချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorism Operation)ကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ထပ်မံ၍ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

PDF အကြမ်းဖက်သောင်းကျန်းသူပူးပေါင်း အဖွဲ့များအနေဖြင့် အဆိုပါဒေသအား ယာယီစိုးမိုးထားစဉ် မြို့/ရွာများအတွင်း ဘာသာရေးဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့်လူနေအိမ်များအတွင်း ဝင်ရောက်နေရာယူ၍ ဘန်ကာများပြုလုပ်ခြင်း၊ ပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ်ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ ပြည်သူများ အဓိကသွားလာအသုံးပြုလျက်ရှိသည့် လမ်း/တံတားများအား မိုင်းထောင် ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလ ၂၉ ရက်နေ့တွင်လည်း မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျောက်မြောင်းမြို့ကိုဆက်သွယ်ထား၍ ပြည်သူလူထု၏ လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုတို့အတွက် အဓိကအရေးပါသည့် ဧရာဝတီတံတား(ရတနာသိင်္ခ)ကိုလည်း မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခဲ့ သဖြင့် တံတား၏ ရေလယ်တိုင များဖြစ်သည့် တိုင်အမှတ် RP4 နှင့် RP5 တို့အကြားတွင် လည်းကောင်း၊ RP6-A2 ချဉ်းကပ်လမ်း နေရာတို့တွင်လည်းကောင်း ကျိုးကျ ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များနှင့် ခရီးသွားပြည်သူများ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိတော့ဘဲ ကုန်စည်စီးဆင်းမှုများရပ်တန့်ခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ခရီးသွားပြည်သူများပြန်လည်သွားလာနိုင်ရေး၊ ဒေသတွင်းကုန်စည်စီးဆင်းမှု ပြန်လည်လည် ပတ်နိုင်ရေး တံတားပြုပြင်ခြင်းလုပ်ငန်းများကို အမြန်ဆုံးဆောင်ရွက် နိုင်ရေးတို့အတွက် အဆိုပါတံတား နေရာတစ်ဝိုက်အား တပ်မတော်စစ်ကြောင်းများက လိုအပ်သည့်နယ်မြေ စိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ရာ ယနေ့တွင် အကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ခေတ္တစိုးမိုးထားသည့် အဆိုပါဧရာဝတီ တံတား(ရတနာသိင်္ခ)နှင့် ၎င်းနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ ကြောင်း သိရသည်။

ထိုသို့ တပ်မတော်စစ်ကြောင်းများက အဆိုပါနေရာတစ်ဝိုက်အား ပြန်လည်သိမ်းပိုက် ရရှိခဲ့သည့်အတွက် ဧရာဝတီတံတား(ရတနာသိင်္ခ)အား ပြန်လည်ပြုပြင် ခြင်းလုပ်ငန်း များကို သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်ပူးပေါင်း၍ အမြန်ဆုံးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး တံတားပြန်လည်ပြုပြင် ပြီးစီးပါက ဒေသအတွင်း ကုန်စည်ကူးသန်း ရေးနှင့် လမ်းပန်းဆက်သွယ်ရေးများ ပြန်လည်ကောင်းမွန်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည့် အတွက်ပြည်သူများက ဝမ်းမြောက်လျက်ရှိ ကြောင်းသိရှိရပြီး တပ်မတော်စစ်ကြောင်းများက လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

PAN