LNG သင်္ဘောကနေ ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိထုတ်လွှတ်မယ်

(ပြည်တွင်း) ဒီဇင်ဘာ ၂၀

သာကေတနဲ့ သန်လျင် LNG သုံး ဓာတ်အားပေးစက်ရုံတွေကို လည်ပတ်မောင်းနှင်နိုင်ဖို့အတွက် သီလဝါဆိပ်ကမ်းကို ရောက်ရှိဆိုက်ကပ်နေတဲ့ LNG သိုလှောင်သင်္ဘော FSU ကနေ ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိထုတ်လွှတ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ပြည်ပကနေ LNG တင်သွင်းလာတဲ့ ပထမဆုံး LNG သင်္ဘော FSU ကနေ LNG ဖြည့်တင်းပေးခြင်း၊ သဘာဝဓာတ်ငွေ့အရည်တွေ ဓာတ်ငွေ့ပြန်လည်ပြုလုပ်တဲ့ စက်ရုံ (Regasification Unit) ကို စမ်းသပ်မောင်းနှင်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ပထမအဆင့်အနေနဲ့ ၄၀ မဂ္ဂါဝပ် စမ်းသပ်ထုတ်လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်ကစတင်ပြီး ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ပေးလျက်ရှိပြီး အဆိုပါစီမံကိန်းတွေက စုစုပေါင်း ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်လို့ ပြည်သူလူထုနဲ့ စက်မှုဇုန်တွေရဲ့ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပိုမိုထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

PAN