“မဟာအောင်မြေမြို့နယ်ရှိ ပေါက်ကျိုင်းလဖက်ရည်ဆိုင် မီးလောင်မှုဖြစ်ပွား”


(မှုခင်း) ဒီဇင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၅၈လမ်း၊ ၁၀၁ လမ်းနှင့် ၄၃ လမ်းကြားရှိ ပေါက်ကျိုင်းလဖက်ရည်ဆိုင်တွင် ယနေ့ နံနက် ၇ နာရီ ၄၁ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်သည့်နေရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့မှ Level 1 ယာဥ်အုပ်စုထွက်ခွာကာ မီးငြိမ်းသက်ခဲ့ရကြောင်း၊ နံနက် ၇ နာရီ ၅၇ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လဖက်ရည်ဆိုင်တစ်ဆိုင်လုံး မီးလောင်ကျွမ်းခဲ့ရပြီး မီးစတင်လောင်းကျွမ်းရသည့် ဖြစ်စဥ်နှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းစိစစ်လျက်ရှိကြောင်း သိရသည်။