(အားကစား) ဒီဇင်ဘာ ၄
လာမည့် ၂၀၂၆ ခုနှစ် နိုင်ငံတကာလက်မောင်းလှဲပြိုင်ပွဲများမှာ မြန်မာနိုင်ငံမှ ဝင်ပြိုင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း KLK Armwrestling Myanmar မှ သိရပါတယ်။
လက်မောင်းလှဲအားကစားကို ပြည်တွင်းမှာ မကြာခဏကျင်းပလေ့ရှိပြီး (၅)ကြိမ်မြောက်လက်မောင်းလှဲ Champion ရွေးချယ်ပွဲကို နိုဝင်ဘာလ ၃၀ ရက်က ရန်ကုန်မြို ဗဟန်းမြိုနယ်ရှိ Fu San Basketball Stadium အားကစားကွင်းမှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပြိုင်ပွဲမှာ Champion ရရှိသူများအပြင် လူရွေးပွဲများကျင်းပပြီး လက်မောင်းလှဲပြိုင်ပွဲကျင်းပမည့် နိုင်ငံများနှင့်ချိတ်ဆက်ကာ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် လာမည့် ၂၀၂၆ ခုနှစ်မှာ သွားရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။
လက်ရှိမှာ လက်မောင်းလှဲအားကစားနည်းကို စိတ်ပါဝင်စားမှု မြင့်တက်လာရှိပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ပြိုင်ပွဲငယ်များ ခပ်စိပ်စိပ်ကျင်းပလာလျက်ရှိပါတယ်။

Telegram»…
https://t.me/positiveanglenews