(ပြည်တွင်း) နိုဝင်ဘာ ၄
ဒီလို လက်နက်ကိုင်လမ်းစဉ်နဲ့ ဖြေရှင်းတဲ့ ကြိုးပမ်းမှုဟာ နှစ်ပေါင်း ၇၀ ကျော်ကြာတဲ့အထိ မည်သည့်ရလဒ်မျှ မထွက်ခဲ့တာကို သင်ခန်းစာယူဖို့ လိုသလို ဒီမိုကရေစီ နောက်ပြန်ဆွဲခြင်းဟာ လက်နက်ကိုင် လမ်းစဉ်ကြောင့် ဖြစ်တယ်ဆိုတာ အမှန်တိုင်းရှုမြင်ဖို့ အချိန်ကျနေပြီဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာလ ၄ ရက်နေ့ မနက်ပိုင်းက ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော်
စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၆၇)သင်တန်းဆင်းပွဲအခမ်းအနားမိန့်ခွန်းပြောကြားရာမှာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်တာဖြစ်ပါတယ်။

” ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ရည်မှန်းချက်တူကြရင် ပြည်ထောင်စုအကျိုးကိုရှေးရှုပြီး PDF အပါအဝင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာဖို့နိုင်ငံတော်က ကြိုဆိုဖိတ်ခေါ်ထားပြီးဖြစ်ကြောင်းထည့်သွင်း ပြောကြားထားပါတယ်။
အမျိုးသားနိုင်ငံရေး တာဝန်တွေကို ထမ်းဆောင်ခဲ့ရချိန်မှာ အကြမ်းဖက် NUG၊ CRPH အဖွဲ့တွေကတပ်မတော်အနေနဲ့ ဒီမိုကရေစီ နောက်ပြန်ဆွဲလုပ်ဆောင်နေသယောင် ဝါဒမှိုင်းတိုက်ပြီး လူငယ်၊ လူရွယ်တွေကို လွဲမှားတဲ့ မျှော်လင့်ချက်တွေနဲ့အတူအကြမ်းဖက် လက်နက်ကိုင်လမ်းစဉ် ဆီ တွန်းပို့ခဲ့ကြတယ်လို့သူဆိုပါတယ်။
လက်နက်ကိုင်လမ်းစဉ်တွေကြောင့် မျှော်မှန်းတည်ဆောက်နေတဲ့ ပြည်ထောင်စုကြီးအတွက် လူ့စွမ်းအားအရင်းအမြစ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ရသလို တစ်ဖက်မှာလည်း ဒီနိုင်ငံရေးဖြစ်စဉ်အကြောင်းတရားတွေကို လက်ညှိုးထိုးပြီး NCA မှာ လက်မှတ်
ရေးထိုးခဲ့ကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ဟာ ရှိထားပြီးသား ကတိကဝတ်တွေကို ချိုးဖောက်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းကို သွေဖည်မှု ပြုလုပ်ခဲ့ကြတယ်လို့လည်း ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် အခြေခံပြီးတပ်မတော်အနေနဲ့ ငြိမ်းချမ်းရေးမူဝါဒ ၆ ပြဋ္ဌာန်းထားတယ်လို့ မိန့်ခ်ိန်းအရ သိရပါတယ်။
” ငြိမ်းချမ်းရေးဆိုတာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာရရှိနိုင်မှာဖြစ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကိုဆောင်ရွက်တဲ့အခါဖြစ်ချင်တာတွေကို ပြောဆိုနေမယ့်အစား ဖြစ်သင့်တာတွေကိုပြောဆိုပြီး ဖြစ်နိုင်တာ တွေကိုညီညီညွတ်ညွတ် ပူးပေါင်းလုပ်ဆောင်သွားကြရမှာ ဖြစ်တယ်” ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ဗိာလ်ချုပ်မှူးကြီးက အခုလိုပြောပါတယ်။
လက်တွေ့ကျပြီး အောင်မြခိုင်မာတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှသာတိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးနဲ့ ပြည်သူလူထုရဲ့ကောင်းကျိုးကို ရှေးရှုဆောင်ရွက်နိုင်မှာဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အသိပေးပြောဆိုထားပါတယ်။
#PAN