စစ်ကိုင်းတံတားကို ညဘက်ဖြတ်သန်းခွင့် ယာယီပိတ်ထားမည်

(ပြည်တွင်း) နိုဝင်ဘာ ၁၁

နိုဝင်ဘာလ ၉ ရက်မှစတင်ပြီး စစ်ကိုင်းတံတား(ဧရာဝတီတံတား-ရတနာပုံ)ကို ကြံ့ခိုင်ရေးအတွက် အကြီးစား ပြင်ဆင်မှုလုပ်ငန်းများဆောင်ရွက်ရန် ညဘက်ဖြတ်သန်းသွား လာခွင့် ယာယီပိတ်လိုက်ကြောင်း သိရပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် မန္တလေးနှင့် စစ်ကိုင်းမြို့သို့ ဆက်သွယ်ထားတဲ့ ဧရာဝတီမြစ်ကူးတံတားနှစ်စင်းအနက် စစ်ကိုင်းတံတားသစ် (ဧရာဝတီတံတား-ရတနာပုံ)၏ စစ်ကိုင်းဘက်အခြမ်းမှာ ထိခိုက်ပျက်စီးမှုအချို့ဖြစ်ခဲ့ပြီး တံတားဟောင်းကတော့ အသုံးပြု၍မရလောက်သည်အထိ ကျိုးကျပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

PAN