2025ELECTION8NOV (ပြည်တွင်း)
သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနတွေက တာဝန်ယူဖွင့်လှစ်တဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေ မကြာမီခင် ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်လို့ ကျောင်းသား၊ကျောင်းသူတွေ ကြိုတင်မဲပေးနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာပါတယ်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက ကျောင်းသားကျောင်းသူတွေဟာ ရွေးကောက်ပွဲစတင်ကျင်းပမယ့် ၂၈ – ၁၂ – ၂၀၂၅ ရက်နေ့မှာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ ကျောင်းတက်ရောက်နေကြရတာကြောင့်လို့ ဆိုပါတယ်။
အဆိုပါ ကျောင်းသား၊ကျောင်းသူတွေ
အနက် မိမိတို့မဲစာရင်းပါရှိတဲ့ မဲဆန္ဒနယ်ပြင်ပမှာရှိတဲ့ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေမှာ တက်ရောက်ကြရမယ့် ကျောင်းသား၊ ကျောင်းသူတွေ
ပါဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူတွေအနက် ရွေးကောက်ပွဲစတင်ကျင်းပမယ့် ၂၈ ၁၂ – ၂၀၂၅ ရက်နေ့မှာ အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေဖြစ်ပါက မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျောင်းတွေကို မသွားရောက်မီ မိမိတို့ရဲ့ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးမှာ ၁၇ – ၁၁- ၂၀၂၅ ရက်နေ့မှ ၂၁ – ၁၁ – ၂၀၂၅ ရက်နေ့အထိ နံနက် ၀၉၀၀ နာရီမှ ညနေ ၁၆၃၀ နာရီ ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ ကြေညာပါတယ်။
တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက ကျောင်းသားကျောင်းသူတွေအနေနဲ့ ကြိုတင်မဲသွားပေးတဲ့အခါမှာ မိမိတို့ ကိုင်ဆောင်တဲ့ နိုင်ငံသားစိစစ်ရေးကတ်နဲ့ သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်တွေက ထုတ်ပေးတဲ့ ကျောင်းသားစိစစ်ရေးကတ် ဒါမှမဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသပြီး ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့ အသိပေးကြေညာထားတာဖြစ်ပါတယ်။