PDF မီးရှို့လိုက်တဲ့ ပလူဇဝတံတားကနေ ပုံမှန်အတိုင်း ပြန်လည်သွားလာနေ

(ပြည်တွင်း) နိုဝင်ဘာ ၇

PDF အကြမ်းဖက်သမားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ကြမ်းခင်းပျက်အချို့ပျက်ဆီးသွားတဲ့ ပလူဇဝတံတားကို ပြင်ဆင်ပြီဖြစ်လို့ ပုံမှန်အတိုင်း သွားလာနိုင်ကြပြီလို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နဲ့ မော်လိုက်မြို့ကို ဆက်သွယ်ထားတဲ့ ကလေး-မော်လိုက် သွားကားလမ်းမပေါ်က  အရှည် ပေ ၃၀၀၊ အကျယ် ၁၈ ပေရှိတဲ့ သံကူကွန်ကရစ် အမျိုးအစားပလူဇဝတံတားကို PDF အကြမ်းဖက် သမားတွေက  အောက်တိုဘာလ ၃၀ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။

မီးရှို့ဖျက်ဆီးခံရတာကြောင့် တံတားရဲ့ တောင်ဘက်ခြမ်းကြမ်းခင်း ၁၀ ပေခန့် မီးလောင်ပျက်စီးခဲ့လို့ သွားလာရေးအပြင် ကုန်စည်စီးဆင်းမှုပါပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် ဖြတ်သန်းသွားလာနိုင်ဖို့ အခက်အခဲဖြစ်​နေတဲ့ တံတားရဲ့ကြမ်းခင်းနေရာကို နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်တွေက  အမြန်ဆုံးပြန်လည်ပြင်ဆင်ပေးခဲ့လို့ အခုချိန်မှာတော့ ပုံမှန်သွားလာနိုင်ကြပြီဖြစ်တယ်လို့ သိရပါတယ်။