(နိုင်ငံတကာ) နိုဝင်ဘာ ၇
မဟာအီဂျစ်ပြတိုက်(GEM)ကို နိုဝင်ဘာလ ၄ ရက်က အများပြည်သူကြည့်ရှုရန် တရားဝင်ဖွင့်လှစ်ခဲ့သည်။

GEM သည် ကမ္ဘာပေါ်တွင် အကြီးဆုံးသော အီဂျစ်ယဉ်ကျေးမှုတစ်မျိုးတည်းကိုသာ သီးသန့်ပြသထားသည့် ပြတိုက်ဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာမြင့်စွာ တည်ဆောက်ခဲ့ပြီးမှသာ ဖွင့်လှစ်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါပြတိုက်သည် စတုရန်းမီတာ ၅၀၀,၀၀၀ ခန့်ကျယ်ဝန်းပြီး ပြတိုက်တွင် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်း ၁၀၀,၀၀၀ ကျော်ကို သိမ်းဆည်းထားကာ ရှေးခေတ်အီဂျစ် ဖာရိုဘုရင် Tutankhamun ဂူဗိမာန် ဈာပနပစ္စည်း ၅,၉၉၂ ခုကို ပထမဆုံးအကြိမ် အပြည့်အစုံ စုစည်းပြသထားသည်။

ထို့အပြင် ပြန်လည်ပြင်ဆင်ထားသော ဖာရိုဘုရင် Khufu ၏ နေမင်းလှေနှင့် ရှေးခေတ်အီဂျစ်ဖာရိုဘုရင် Ramesses II ၏ ရုပ်တုကြီး စသည့် ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများကိုလည်း ပြသထားသည်။





#PAN