



(ပြည်တွင်း)အောက်တိုဘာ ၁၆
နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၈၄/၀ အနီးတွင်ယမန်နေ့ည ၁၁နာရီ၄၀မိနစ်အချိန်ခန့်က express ယာဉ်(၁)စီးသည် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ခရီးသည်တင်ယာဥ်သည် အင်ဂျင်အပူလွန်ကဲမှုကြောင့် မီးလောင်မှုဖြစ်ခဲ့ခြင်းဖြစ်ပြီး မီးလောင်သည့်နေရာသို့ သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ယနေ့နံနက်အစောပိုင်း အချိန်တွင် မီးငြိမ်းသွားခဲ့သည်။
မီးလောင်မှုကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူကျား(၁၀)ဦး၊ မ(၅)ဦး၊ စုစုပေါင်း(၁၅)ဦး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။