
(ပြည်တွင်း) အောက်တိုဘာ ၁၄
ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမကြီးပေါ်၌ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းနှင့် အိမ်အသုံး အဆောင်ပစ္စည်းအမျိုးမျိုးတို့ကို တစ်နေရာတည်း၌ အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရန် PRO 1 GLOBAL Home Center ၏ ၁၄ ခုမြောက် မင်္ဂလာဒုံစင်တာကြီးကို အောက်တိုဘာလ ၁၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရပါ တယ်။
PRO 1 GLOBAL Home Center များတွင် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများကို စိတ်ချမ်းသာစွာနှင့် ဈေးနှုန်းမှန်ကန်စွာဝယ်ယူနိုင်ရုံမျှမကဘဲ မြန်မာနိုင်ငံ၏လူနေမှုအဆင့်အတန်းတိုးတက် မြင့်မားရေးအတွက်လည်း အထောက်အကူပြုလျက်ရှိပါတယ်။
အဆိုပါ PRO 1 GLOBAL Home Center သည် မြန်မာ စီးပွားရေးတိုးတက်ရေးအတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်အတူ မြန်မာနိုင်ငံသားလုပ်ငန်းရှင်များက ပူးပေါင်း တည်ထောင်ထားခြင်းဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC) အသိအမှတ်ပြု ကုမ္ပဏီကြီးတစ်ခုလည်း ဖြစ်ပါတယ်။
ယခုဖွင့်လှစ်လိုက်သည့် PRO 1 GLOBAL Home Center (မင်္ဂလာဒုံစင်တာ)အတွင်း၌ ကလေးများ အတွက် ခေတ်မီကစားကွင်းများ၊ စားသောက်ဆိုင်နှင့် ဘဏ်များပါထည့်သွင်းဖွင့်လှစ်ထားရှိပါတယ်။
PRO 1 GLOBAL Home Center များကို အထက်မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးအခန်းကဏ္ဍဖွံ့ဖြိုးရေးနှင့် လူနေထိုင်မှုအဆင့်အတန်းတိုးတက်မြင့်မားရေးတို့တွင် အထောက်အကူပြုစေရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တိုးတက် လာစေရန်၊ လူငယ်များအတွက် ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းကောင်းများ ပိုမိုများပြားလာစေရန်အတွက် ရည်ရွယ်ပြီး မြို့ကြီးများတွင် ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် အစီအစဉ်လျက်ရှိကြောင်း သိရပါတယ်။