လွိုင်ကော်တက္ကသိုလ်ကို ပြန်လည်ဖွင့်လှစ်မည်

(ပြည်တွင်း) အောက်တိုဘာ ၁၃

ကယားပြည်နယ်ရှိ လွိုင်ကော်တက္ကသိုလ်ကို အောက်တိုဘာလ ၁၃ ရက်မှာ စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။

တာဝန်ထမ်းဆောင်ကြမည့် ဆရာ/ဆရာမများနှင့် ဝန်ထမ်းများကိုလည်း ကယားပြည်နယ် ဝန်ကြီးချုပ်က တွေ့ဆုံခဲ့ပြီး ငွေပဒေသာပင်၊ ချီးမြှင့်ငွေနှင့် အခြေခံစားကုန်များ ပေးအပ်ခဲ့ပါတယ်။

လွိုင်ကော်တက္ကသိုလ် ပြန်လည်ဖွင့်လှစ်နိုင်ရန် ဇွန်လ ၅ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ သင်ကြား ရေးများဆောင်ရွက်နိုင်ရန် အသင့်အနေထားရှိနေပြီးဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် က အောက်တိုဘာလ ၁၂ ရက်က ဆရာ/ဆရာမများနှင့်တွေ့ဆုံချိန်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် ပညာသင်နှစ်တွင် လွိုင်ကော်တက္ကသိုလ်၌ အဝေးသင်သင်တန်း ဒုတိယသုတ်နှင့် တတိယသုတ် အနီးကပ်သင်တန်းနှင့် စာမေးပွဲကို တက်ရောက်ဖြေဆိုရမည်ဖြစ်ကြောင်း သိရပါတယ်။

လွိုင်ကော်တက္ကသိုလ်မှာ ဒုတိယအသုတ်ကို အောက်တိုဘာလ ၁၃ ရက်မှ အောက်တိုဘာလ ၂၂ ရက်ထိနှင့် တတိယသုတ်ကို နိုဝင်ဘာလ ၁ ရက်မှ ၁၁ ရက်အထိလည်းကောင်း အနီးကပ်သင်တန်းပို့ချမည်ဖြစ်ကြောင်း သိရပါတယ်။