

(နိုင်ငံတကာ) အောက်တိုဘာ ၁၂
ဂါဇာစစ်ပွဲတွေ ပြီးဆုံးပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အောက်တိုဘာ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။
နှစ်နှစ်ကြာ ဖမ်းဆီးထားခံရပြီးနောက် အသက်ရှင်ကျန်ရစ်နေတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ ပြင်ဆင်နေချိန်မှာ အခုလိုကြေညာလိုက်တာဖြစ်ပါတယ်။
အမေရိကန်သမ္မတက အဆိုပြုထားတဲ့ လမ်းပြမြေပုံအောက်မှာ ပါလက်စတိုင်းစစ်သွေးကြွတွေက ဓားစာခံတွေကို လွှဲပြောင်းပေးအပ်ပြီးတာနဲ့ အစ္စရေးကလည်း အကျဉ်းသား ၂၀၀၀ ခန့်ကို ပြန်လည်လွှတ်ပေးမှာပါ။
ဒီကိစ္စတွေနဲ့ပြတ်သက်ပြီး စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ အောက်တိုဘာ ၁၂ ရက်နှောင်းပိုင်းအထိ အပြီးသတ်အစီအစဥ်တွေကို ငြင်းခုံနေကြဆဲဖြစ်တယ်လို့ ဟားမတ်စ်သတင်းရင်းမြစ်နှစ်ခုက ပြောဆိုထားပြီးလွတ်မြောက်လာမယ့် ပါလက်စတိုင်းထိပ်တန်းခေါင်းဆောင်ခုနစ်ဦးစာရင်းတွင် အစ္စရေးပါဝင်တယ်လို့ အခိုင်အမာပြောဆိုထားကြောင်း ဟားမတ်စ်သတင်းရင်းမြစ်နှစ်ရပ်က AFP ကိုပြောထားပါတယ်။
Mr Trump ကတော့ သူအခရီးစဥ်မှာလိုက်ပါလာတဲ့သတင်းထောက်တွေကို “စစ်ပွဲပြီးပြီ” “ဒီခရီးစဥ်ကအလွန်ထူးခြားတယ်လို့” ဝါရှင်တန်က ထွက်ခွာလာချိန် ပြောကြားခဲ့တယ်လို့ သတငထောက်တွေက ဆိုပါတယ်။
နှစ်နှစ်ကြာ ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးကို မြှင့်တင်မယ့် သူ့ရဲ့အစီအစဉ်နဲ့ပတ်သက်ပြီး မကြာမီ အစ္စရေးနိုင်ငံကို ရောက်ရှိမှာဖြစ်ကာ အစ္စရေးပါလီမန်မှာ မိန့်ခွန်းပြောကြားမှာလည်းဖြစ်ပါတယ်။
အစ္စရေး ၀န်ကြီးချုပ် နေတန်ယာဟုကတော့ “ကျွန်တော်တို့ ဟာ ကြီးမားတဲ့ အောင်ပွဲတွေ ၊ တစ်ကမ္ဘာလုံးကို အံ့အားသင့်စေခဲ့တဲ့ အောင်ပွဲတွေ နဲ့ အတူ ရခဲ့ပါတယ် ၊ ဒါပေမယ့် တစ်ချိန်တည်း မှာပဲ တိုက်ပွဲ က မပြီးသေးဘူး လို့ ပြောရပါမယ် ” ပြောပါတယ်။
အစ္စရေးစစ်တပ်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး အေယာဇာမီယာ ကလည်း အောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။
“လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကျနော်တို့ ကျင့်သုံးခဲ့တဲ့ စစ်ရေးဖိအားပေးမှုတွေနဲ့အတူ သံတမန်ရေးအရ ဖြည့်တင်းမှုတွေနဲ့အတူ ဟားမတ်စ်ကို အောင်ပွဲခံနိုင်ခဲ့တယ်” လို့ ဒုတိယဗိုလ်ချုပ်ကြီး ဇာမီယာ က ပြောပါတယ်။
နေတန်ယာဟုရုံး၏ ပြောရေးဆိုခွင့်ရှိသူ မစ္စ ရှော့ရှ် ဘဒရိုစီယန် က ဓားစာခံတွေ လွှတ်ပေးမှုဟာ အောက်တိုဘာ ၁၃ ရက် အစောပိုင်းမှာ စတင်မှာဖြစ်ပြီး ဓားစာခံ ၂၀ စလုံးကို တစ်ကြိမ်တည်း လွှတ်ပေးဖို့ အစ္စရေးက မျှော်လင့်ထားတယ်လို့ သိရပါတယ်။
“ကံမကောင်းစွာပဲ ကျဆုံးသွားတဲ့ ဓားစာခံ အားလုံး မနက်ဖြန်မှာ ပြန်မလာနိုင်ဘူးလို့ ” အစ္စရေး စစ်ဘက် အကြီးတန်း အရာရှိ တစ်ဦးက သတင်းထောက်တွေကိုပြောပါတယ်။
မစ္စ ဘဒရိုစီယန် ဟာ အောက်တိုဘာ ၁၃ ရက် လဲလှယ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပြန်မပေးသေးတဲ့ အကြွင်းအကျန်တွေကို ရှာဖွေဖို့အတွက် “နိုင်ငံတကာအဖွဲ့” ကို ဖွဲ့စည်းမယ်လို့လည်း အစောပိုင်းက ပြောဆိုခဲ့ပါတယ်။
လွတ်မြောက်လာမယ့် ပါလက်စတိုင်း အကျဉ်းသားတွေထဲမှာ ၂၅၀ ဟာ စစ်ပွဲအတွင်း ဂါဇာမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၇၀၀ ခန့်ကို အစ္စရေးက ထိန်းသိမ်းခံထားရသူတွေပါဝင်တယ်လို့ ဆိုပါတယ်။
ထရွမ့်ကတော့ အစ္စရေးခရီးစဉ်အပြီးမှာ အီဂျစ်သမ္မတ အဗ်ဒယ် ဖတ်တဟ် အယ်လ်ဆီဆီ ရဲ့ဖိတ်ကြားချက်အရ အီဂျစ်ပင်လယ်နီအပန်းဖြေမြို့ “ရှမ်း အယ်ရှိတ်” မှာ နိုင်ငံပေါင်း 20 ကျော်က ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးကို ဦးဆောင်ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။