သီတင်းကျွတ်လပြည့်တစ်ရပ်တည်း ပုဂံဒေသကို ဘုရားဖူး ပြည်သူ ၁ သိန်းခွဲကျော်လာရောက်

(ပြည်တွင်း) အောက်တိုဘာ ၈

သဘာဝဘေးအန္တရယ်ကြောင့် ရထားလမ်းအပြင် ကားလမ်းပါအဆင်မပြေဖြစ်ခဲ့ရပေမယ့် သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တစ်နေ့တည်းမှာပဲ ပုဂံဒေသကို လာရောက်လည်ပတ်သူဟာ ဘုရားဖူး ပြည်သူ ၁၅၀,၀၀၀ ကျော်ရှိတယ်လို့ ဟိုတယ်နဲ့ခရီးသွားညွှန်ကြားရေးမှူးဦးစီးဌာန(ပုဂံ)ရုံးခွဲက သိရပါတယ်။

သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းကို မြန်မာပြည် အရပ်ရပ်က ခရီးသွားဘုရားဖူးပြည်သူတွေ သွားရောက်လည်ပတ်ခဲ့ကြပြီး သမိုင်းဝင်အထင်ကရဘုရားတွေ၊ သာသနိက အဆောက်အအုံတွေ၊ အပန်းဖြေဆင်စခန်းတွေမှာ ခရီးသွားတွေနဲ့ စည်ကားနေခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်နေ့က မိုးရွာသွန်းမှုကြောင့် ပုဂံ-ရန်ကုန် အစုံအဆန်ပြေးဆွဲနေသည့် ရထားလမ်းပိုင်းမှ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီး မြို့နယ်ရှိ ရန်ပယ်ချောင်းသံလမ်းတံတား အလယ်ကွန်ကရစ်တိုင် နိမ့်ဆင်းမှု ဖြစ်ပွားခဲ့တာကြောင့် (၆၁) အဆန်၊ (၆၂) အစုန် ရထားဆွဲမှုအခက်အခဲ ဖြစ်ခဲ့ရာတဖြစ်ပါတယ်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေကို သီတင်းကျွတ်ရုံးပိတ်ရက်ကာလအတွင်း ခရီးသွားဧည့်သည် အလွန်များပြားလာတာကြောင့် E-Bike တွေ၊ မီနီအိုးဝေတွေ ကြိုတင်မှာယူမှုနဲ့ပြည့်နေပြီဖြစ်ကြောင်း သိရပါတယ်။

#PAN