ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ ဟာလန်း

(အားကစား) အောက်တိုဘာ ၂

မန်စီးတီးအသင်းရဲ့ တိုက်စစ်မှူး ဟာလန်း ဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်(၆)ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာ မန်စီးတီးအသင်းက ဘန်လေ ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဟာလန်းက အသင်းအတွက် ၂ ဂိုးသွင်းယူနိုင်ခဲ့သလို၊ ဂိုးဖန်တီးမှု ၁ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပွဲစဉ်(၆)ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး အခုလိုရွေးချယ်မှုကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်က ပွဲစဉ်အလိုက် ဆန်ခါတင်ကစားသမားစာရင်း ထုတ်ပြန်ပေးပြီး ပရိသတ်တွေက အွန်လိုင်းကနေတစ်ဆင့် ဆန္ဒမဲပေးခဲ့ရာမှာ ပွဲစဉ်(၆)အတွက် ဟာလန်းက ဆန္ဒမဲ ၃၀ ရာခိုင်နှုန်း ရရှိကာ အများဆုံး ဖြစ်ခဲ့ကြောင်း သိရပါတယ်။

အခုရာသီ ပရီးမီးယားလိဂ်မှာ ဟာလန်း မတိုင်ခင် အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရသူတွေ ကတော့ ပွဲစဉ်(၁)မှာ ရစ်ချာလီဆန်(စပါး)၊ ပွဲစဉ်(၂)မှာ ပယ်လင်ညာ(စပါး)၊ ပွဲစဉ်(၃)မှာ ဆိုဘိုဆလိုင်း(လီဗာပူးလ်)၊ ပွဲစဉ်(၄)မှာ လူးကပ်စ်ဘာ့ဂ်ဗောလ်(စပါး)၊ ပွဲစဉ်(၅)မှာ ဂရာဗန်ဘာ့ချ်(လီဗာပူးလ်) တို့ ဖြစ်ပါတယ်။

#PAN